ကရင်ပြည်နယ်ဧည့်ရိပ်သာ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 01, 2023


ဘားအံ - ဇွန် (၁)

ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ)RC (၆)ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း ပန္နက် တော်တင်မင်္ဂလာအခမ်းအနားကို ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်ရှိ အဆိုပါအဆောက်အဦ တည်ဆောက် မည့်နေရာ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ)RC (၆)ထပ်အဆောက်အဦကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ ခန့်မှန်းစီမံကိန်းတန်ဖိုးကျပ် ၂၇၈၀ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပန္နက်တော်တင်မင်္ဂလာအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာ များတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသအတွင်းရှိ MSMEs လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှသာ စစ်မှန်သောဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စနစ်ကျသောစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ဖို့လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးသည် အင်မတန်မှအရေးကြီးပြီး သွင်းကုန် အစားထိုး ပို့ကုန်များမြင့်တင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် စွန့်ဦးတီထွင်မှုများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်မူတည်၍ MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်သင့်သည့်အစီအမံများကို ဆွေးနွေးပြောကြားပြီး ပြည်နယ်အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးက (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ ကရင်ပြည်နယ် ကဏ္ဍအလိုက် MSMEs Member ကတ်ထုတ်ပေးထားရှိမှု၊ SME ချေးငွေရရှိမှု နှင့်ပြန်လည်ပေးဆပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်အေဂျင်စီအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး များက သက်ဆိုင်ရာခရိုင်အလိုက် MSMEs လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

 

Newspaper - 2456 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download