တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် မိုးရာသီ၌ ရေလျှံမှုဖြစ်ပွားခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှုင်းခြင်းအစည်းအဝေးကျင်းပ


Ministry of Ethnic Affairs/ မန္တလေး / October 06, 2022


မန္တလေး အောက်တိုဘာလ (၅)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ဦးစွာတစ်ဦးချင်း မိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆက်လက်မိတ်ဆက်ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မန္တလေးတိုင်းဒေသကြီးသို့ အဓိကလာရောက်ရသည့်အကြောင်း ရင်းသည် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အဆောက်အဦကိစ္စပင်ဖြစ်ပါကြောင်း၊ အဆိုပါအဆောက်အဦသည် လမ်းမကြီးထက် (၆ ပေ) နိမ့်လျက်ရှိသဖြင့် မိုးရာသီတွင် ရေအမြဲဝပ်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေလွှဲမြောင်းဖောက်လုပ်ပေးစေလိုပါကြောင်း၊ အခွင့်ကြုံ စဉ် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြောကြားလို ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ဌာနအသစ်ဖြစ်သကဲ့သို့ သက်တမ်း (၇)နှစ်မျှသာ ရှိသေးပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရုံးအဆောက်အဦများ တည်ဆောက်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဝန်ထမ်းများ အရည် အချင်းမြှင့်တင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)တွင် ပြည်သူများ အေးချမ်းစွာလာရောက်အပန်းဖြေနိုင်ရန်အတွက် စည်းကား အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် အေးချမ်းသည့် ပြည်နယ်ဖြစ်၍ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်း စင်တာ” ကို ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် “Move Forward Achieve Our Goals” ပန်းတိုင်ရောက်ဖို့ ရှေ့တိုးလုပ်ဆောင်ပါ ဆိုသည့်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ဆွေးနွေးပြောကြား ရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါကြောင်း၊ လူဦးရေနည်းပါသည့် တိုင်းရင်းသားလူမျိုးများကို ပိုမိုဂရုစိုက် အားပေးကူညီလျက် ရှိပါကြောင်း၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှုရှိစေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသားများစုပေါင်းပြီး ပွဲတော်တစ်ခုကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့တော်သာယာလှပရေး၊ မြို့နေလူထုစိတ်ချမ်းသာစေရေး စသည့်အချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီး၏ ရေမြောင်းဖောက်လုပ်ပေးစေလိုမှုကို မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို အမြန်ဆုံး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် မိုးရာသီအတွင်း ရေလျှံမှု ဖြစ်ပွားသည့်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိ ခဲ့ပြီး ရုံးအဆောက်အဦ ရေလျှံမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း၊ လူကူးတံတားတပ်ဆင်ခြင်းနှင့် တံခါး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆောင်ရွက်ရမည့်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဝန်ထမ်း များနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြား ရာတွင် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ တိုင်းရင်းသား ဘာသာသင် (TA/ LT) လျှောက်ထားမှုများအား တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုပါ ကြောင်း၊ ဝန်ထမ်းများသည် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ ရုံးစာပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူများက အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲရန် မှာကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသဖြင့် အထူးဂရုပြုကြရန်လိုပါကြောင်း၊ မီးဘေးအန္တရာယ်ကိုလည်း အထူး ­ဂရုစိုက်ကြရန်မှာကြားလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

Newspaper - 2732 items

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download