ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၆၃) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၆၃) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / March 24, 2023

နေပြည်တော် မတ် ၂၃
(၆၃) ကြိမ်မြောက် ကမ္ဘာ့မိုးလေ ဝသနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပကြောင်း၊ ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့ မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “အနာဂတ် မိုးလေဝသ၊ ရာသီဥတုနှင့် ရေသယံဇာတ ဖွံ့ဖြိုးကောင်းမွန်ဖို့ မျိုးဆက်အားလုံး အလေးထားဆောင်ရွက်ကြပါစို့ (The Future of Weather, Climate and Water across Generations)” ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်အဖြစ် အပျက်များသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားပါကြောင်း၊ တစ်ဖန် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ခဲ့သည့် လာနီညာဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်ထိတိုင် သုံးနှစ်ဆက်တိုက်လာနီညာအဖြစ် သမိုင်းဝင်ခဲ့ပါကြောင်း၊ သို့သော် အဆိုပါလာနီညာဖြစ်စဉ်များသည် လက်ရှိကမ္ဘာကြီး ပူနွေးလာနေမှုကို လွှမ်းမိုးနိုင်ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ်အပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ တစ်နှစ်တာ လေ့လာသုံးသပ်ချက်များအရ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မှာ ယခင်စက်မှု မထွန်းကားမီ ခေတ်ကာလများထက် ၁ ဒသမ ၀၆ ဒီဂရီစင်တီဂရိတ် ကျော်လွန်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လည်း ရေခဲတောင်များ အရည်ပျော်ကာ ပျမ်းမျှပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုသည် ၁၈၈၀ ပြည့်နှစ်ထက် ၂၄ စင်တီမီတာခန့် မြင့်တက်နေပြီး အချို့သော ကျွန်းနိုင်ငံများမှာ စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်နေကြရပါကြောင်း၊ ထို့အပြင် မိုးရွာသွန်းမှု ပုံစံပြောင်းလာပြီး အချိန်အခါမဟုတ် မိုးပြင်းထန်စွာရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မိုးခေါင်ခြင်းနှင့် ရေပြတ်လပ်မှုဖြစ်စဉ်များ နှစ်စဉ် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်းဗင်းရှင်းတွင် စက်မှုမထွန်းကားမီကာလနှင့်နှိုင်းယှဉ်၍ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုတိုးလာမှုကို လျှော့ချနိုင်ရေးအတွက် သဘောတူ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုနှုန်းသည် အရှိန်အဟုန်မြင့် မြန်ဆန်လာသည့်အတွက် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်များ ခံစားရမှုကို လျော့ပါးသက်သာလာစေရေးနှင့် အနာဂတ်မျိုးဆက် များ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် ပြည်သူအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆုချီးမြှင့်
ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Professor Petteri Taalas ၏ သဝဏ်လွှာဗီဒီယိုနှင့် မိုးလေဝသနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip တို့ကိုပြသခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့် ပေးအပ်သည်။ ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။
ဖတ်ကြားဆွေးနွေး
မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်းကိုးစောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2282 items

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet(31-5-2023) (Myanmar Version)
Publisher: Information Sheet (Myanmar Version)/ June 02, 2023
Publication Date: 2023
Page: 35
Language: မြန်မာ
Download
Information Sheet (31-5-2023) (English Version)
Publisher: Information Sheet/ June 02, 2023
Publication Date: 2023
Page: 36
Language: English
Download
၁၃၈၅ ခုနှစ်၊ နယုန်လပြည့်နေ့၊ ဇွန် ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁ နေ့၊ မေ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ရက်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download