နိုင်ငံ့အကျိုး တစ်စိတ်တစ်ဝမ်းတည်းဆောင်ရွက်
နိုင်ငံ့အကျိုး တစ်စိတ်တစ်ဝမ်းတည်းဆောင်ရွက်
Ministry of Information/ Naypyitaw / June 01, 2023
မြန်မာနိုင်ငံသည် သဘာဝတွင်းထွက်သယံဇာတများနှင့် ရေ၊ မြေသဘာဝ ကောင်းမွန်သောကြောင့် မြေပေါ်မြေအောက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုအခြေခံ၍ နိုင်ငံ့စီးပွား၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည်။ အဓိကမှာ မိမိနိုင်ငံ၊ မိမိတို့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရေး၌ အားလုံးတစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်း ကြိုးပမ်းလုပ်ကိုင် မည်ဆိုသည့်စိတ်ထား ထားရှိကြရန်လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၃၀ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များကို တွေ့ဆုံစဉ် “အဓိကအားဖြင့် လိုအပ်သည်မှာ ဒေသတွင်း၌ နေထိုင်သူများအားလုံး အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး မိမိတို့ အလုပ်လုပ်ခြင်း၏အကျိုးကို မိမိတို့ပြန်လည်ခံစား ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက်ကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုးသယ်ပိုးကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူသည့် ရေခံ၊ မြေခံ၊ အခြေခံကောင်း များ များစွာရှိသည်။ ရေခံ၊ မြေခံ၊ အခြေခံကောင်းများကို စနစ်တကျအသုံးချပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူတစ်ဦးချင်း ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ပေသည်။ မျက်မှောက်ကာလတွင် နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် တိုးတက်မှုနောက်ကျနေခြင်းအကြောင်းရင်းကို ဆန်းစစ်ကြည့်လျှင် အခြေခံကောင်းများရှိပါလျက် မိမိနိုင်ငံအရေး၊ မိမိတို့အရေးကို ကောင်းမွန်အောင် လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဆိုသည့် စည်းလုံးညီညွတ်သော စိတ်ဓာတ်အားနည်းနေသောကြောင့်ဖြစ်သည်။ ငါနှင့်မတူ၊ ငါ့ဆန္ဒသဘောထားနှင့်မကိုက်လျှင် နိုင်ငံ့အရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံးအရေးကိုပင် လက်မတွဲနိုင်သောစိတ်ဓာတ်များကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ပထဝီအနေအထား၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်မှုအရ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးအဖွဲ့အစည်း၊ တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်ကြလျှင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ မလွဲဧကန်ဖြစ်လာနိုင်သည်။ တပ်မတော်သည် နိုင်ငံရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး လိုအပ်ချက်များအရ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။ တပ်မတော်ကိုမလိုလားသည့်နိုင်ငံ၊ အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့၏ သမိုင်းစဉ်တစ်လျှောက် သွေးထိုးလှုံ့ဆော်၊ သွေးခွဲမှုများကြောင့် လူမျိုးအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာခဲ့ သည်။ ငါနှင့်မတူလျှင် ငါ့ရန်သူသဘောမျိုး၊ ငါ့ဘက်မပါလျှင် ရှောင်ဖယ်ခြင်းမျိုး၊ သဘောထားနှင့်မကိုက်လျှင် လက်မတွဲနိုင်သည့် သဘောမျိုးဖြစ်လာခဲ့သည်။
ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးအရမတူကွဲပြား၊ သဘောထားကွဲလွဲခွင့်များရှိသော်လည်း နိုင်ငံ့အကျိုးအတွက်မူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံများကိုကြည့်လျှင် နိုင်ငံရေးတွင်သဘောထားကွဲလွဲကြသော်လည်း နိုင်ငံ့အကျိုးစီးပွားအတွက်မူ မတူကွဲပြားသူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုတည်တံ့ခိုင်မြဲနေပြီး အစဉ်တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးနှင့်ဖွံ့ဖြိုးရေးသည် ဆက်စပ်နေပြီး နိုင်ငံရေးဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးစီးပွားကို အလေးမထားသရွေ့ ဖွံ့ဖြိုးတိုးတက်မှု နှင့် အလှမ်းဝေးနေမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအရမည်သို့ပင်ရှိသော်လည်း စီးပွားရေးကောင်းမွန် ရေးသည် အဓိကကျသောကဏ္ဍဖြစ်သည်။ ပြင်ပနိုင်ငံများ မည်သို့ပင်ရှိသော်လည်း ပြည်တွင်းအားသည် အဓိကကျသည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ နိုင်ငံအတွင်းရှိ သဘာဝသယံဇာတ၊ ရေ၊ မြေသဘာဝအခြေခံကောင်းများ၊ ကုန်ထုတ်စွမ်းအားများ၊ လူသားအရင်းအမြစ်များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက ဒေသစီးပွားရေးနှင့် ပြည်သူများလူမှုစီးပွားဘဝများတိုးတက်ပြီး နိုင်ငံ့စီးပွားရေးလည်း မြင့်မားလာမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးကာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိရာ နိုင်ငံရေးအရမတူကွဲပြားသော်လည်း နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 2714 items
၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2024
Publication Date: 2024
Page: 32page
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2024
Publication Date: 2024
Page: 32page
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download