ပိုးသတ်ဆေးနှင့် ဓာတုဆေးများအန္တရာယ် သတိပြု၍ စနစ်တကျ ဆင်ခြင်အသုံးပြု


Ministry of Information/ Naypyitaw / May 31, 2023
image_latest


မျက်မှောက်ခေတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာများနှင့်တကွ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ (Agro-Chemi-cals)ကို မရှိမဖြစ် သုံးစွဲလျက်ရှိကြသည်။ သီးနှံပင်များ ပိုးမွှားကျရောက်ခြင်းမှကာကွယ်ရန် ပိုးသတ်ဆေးများ၊ ပေါင်းမြက်များကို ရှင်းလင်းရန်အတွက် ပေါင်းသတ်ဆေးများ၊ မှိုရောဂါကျရောက်ခြင်းအတွက် မှိုသတ်ဆေးများ၊ အပင်အသီးအနှံများဖွံ့ဖြိုးကြီးထွားရန်အတွက် အပင်ဟော်မုန်းများစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း သုံးဓာတုပစ္စည်းများကို သုံးစွဲရာတွင် အန္တရာယ်ကင်းစွာစနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းထက် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သုံးစွဲနေမှုများ အများအပြားရှိနေကြသည်ကို တွေ့ရသည်။

အပင်နှင့်သီးနှံများ ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်နှိမ်နင်းနိုင်ရန် ထုတ်လုပ်ထားသော ပိုးသတ်ဆေးများသည် ပြင်းထန်သည့် ဓာတုအဆိပ်များဖြစ်ရာ စနစ်တကျကိုင်တွယ်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လိုသည်။ သီးနှံပင်ကို ပက်ဖျန်းသည့် ပိုးသတ်ဆေးများသည် အနီးပတ်ဝန်းကျင်ရှိ မြေထု၊ ရေထု၊ လေထုထဲသို့ ကျရောက်လွင့်ပျံသွားသည့်အခါတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆိပ်သင့်မှုတို့ဖြစ်ပေါ်စေသည်။ ပိုးသတ်ဆေးကို စနစ်တကျ မကိုင်တွယ်ခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်တို့က လူနှင့်တိရစ္ဆာန်များကို အသက်အန္တရာယ်ဖြစ်စေသည်အထိ အန္တရာယ်ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပညာနည်းပါးမှုကြောင့် အသက်သေဆုံးရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိရာ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပြုလုပ်ပေးသွားရန်လည်း လိုအပ်သည်။

သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဆေး၏အာနိသင်၊ သုံးစွဲပုံအညွှန်းတို့ကို သေချာစွာနားလည်သိရှိထားရန် လိုအပ်သည်။ ဆေးဖျန်းမည့်သူသည် ခန္ဓာကိုယ်တစ်ခု လုံးကို ကာကွယ်နိုင်ရန် ဦးထုပ်၊ မျက်မှန်၊ ရော်ဘာလက်အိတ်၊ ပါးစပ်နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံ၊ ခြေစွပ်ဖိနပ် စသည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရမည်။ ဆေးဖျန်းကိရိယာပုံး၊ ဆေးဖျန်းပိုက်၊ ဆေးဖျန်းခေါင်းများ ကောင်းမကောင်း၊ လုံမလုံ စစ်ဆေးရမည်။ ပိုးသတ်ဆေးဘူး၊ ပုလင်းတို့ကို မဖိတ်မစဉ်အောင် ဖွင့်ရမည်ဖြစ်ပြီး ပါးစပ်ဖြင့် ကိုက်ဖွင့်ခြင်းမပြုရ။ ပိုးသတ်ဆေးအရည်၊ အမှုန့်တို့ကို ရေနှင့်ရောစပ်ရာတွင်လည်း တုတ်ဖြင့်သာ မွှေပေးရမည်ဖြစ်ပြီး ၎င်းတုတ်ကို ရေဖြင့် ပြောင်စင်အောင်ဆေးကြောရမည်။ ပိုးသတ်ဆေးဖိတ်စဉ်ကျရောက်သောနေရာများသည် အဆိပ်သင့်သောနေရာများဖြစ်သည့်အလျောက် ကလေးများ၊ ကြက်၊ ဝက်တိရစ္ဆာန်များ အန္တရာယ်ကင်းစေရန် ဆေးဖိတ်စဉ် ကျရောက်ထားသည့်နေရာကို ရေများများလောင်းခြင်း၊ သဲ၊ မြေမှုန့်များဖြင့် သေချာစွာဖုံးအုပ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

ပိုးသတ်ဆေးဖျန်းသူသည် ကျွမ်းကျင်လုပ်သားသာလျှင်ဖြစ်သင့်ပြီး လေတိုက်ချိန်တွင် လေအောက်မှလေတင်သို့ ဆေးမဖျန်းရန်၊ လေပြင်းထန်စွာတိုက်လာပါက ဆေးဖျန်းခြင်းကို ရပ်နားထားရန်၊ ဆေးဖျန်းချိန်တွင် ကလေးများနှင့် အကာအကွယ်မဲ့လူများ၊ တိရစ္ဆာန်များအနီးတွင် ရှိမနေစေရန်လည်း သတိပြုကြရန်လိုသည်။ ဆေးဖျန်းမှုကို ခေတ္တနားပြီး ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်း၊ အစာစားခြင်းတို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဆေးဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးနှင့် ကိရိယာများ၊ အကာအကွယ်ဝတ်ဆင်ထားသည်များအားလုံးကို ဆပ်ပြာ၊ ရေတို့ဖြင့် ပြောင်စင်အောင် ဆေးကြောလျှော်ဖွပ်ရန်၊ လူ၏ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာ၊ ရေများများဖြင့် ချိုးပေးရန်၊ ပိုးသတ်ဆေးပုလင်းဘူးတို့ကို သေချာလုံခြုံစွာ သိမ်းဆည်းရန်နှင့် သုံးစွဲ ကုန်ဆုံးသွားသော ပုလင်းခွံ၊ ဘူးခွံများကို မြေကျင်းနက်နက်တူး၍ မြှုပ်နှံရန် စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။

ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများအပါအဝင် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများသည် သုံးစွဲသူများအန္တရာယ်ကင်းစေရန်သာမက စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ၌ပါ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းစေရန် စနစ်တကျအသုံးပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိတို့စိုက်ပျိုးသည့် သီးနှံများသည် ပြည်ပပို့ကုန်အဖြစ်ရည်ရွယ်ပါက နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းရန် ဂရုပြုကြရမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ မည်သည့်ဈေးကွက်သို့ ရည်ရွယ်သည်ဖြစ်စေ မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်သည့် ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သစ်သီးဝလံများကို စားသုံးသူတို့ အစားအစာဘေးကင်းလုံခြုံရေးအတွက်ဟူသော စိတ်စေတနာဖြင့် ပိုးသတ်‌ဆေးအပါအဝင် ဓာတုဆေးဝါးများကိုစည်းစနစ်တကျ ဆင်ဆင်ခြင်ခြင်အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

Newspaper - 2445 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2023

Publication Date: 2023

Page: 32

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download