ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံရေးစစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံရေးစစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / September 26, 2023

နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုနယ်မြေအတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းက နိုင်ငံရေးပါတီများက တင်ပြသောပါတီဝင်အင်အားစာရင်းများကို ကနဦးစစ်ဆေးချက်များအရ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် မရှိ သူများ၊ အမည်နှင့်နိုင်ငံသားစိစစ် ရေးကတ်အမှတ်တူနေသူများ၊ ဝန်ထမ်းများ၊ နေရပ်လိပ်စာမပြည့်စုံသူများ အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်းတွေ့ရှိသဖြင့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၁၀ ပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် ကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထားလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြာသည်။
ထိုအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေအတွင်း ပါတီဌာနချုပ်ဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2583 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 10, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet (6-12-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ December 08, 2023
Publication Date: 2023
Page: 31
Language: Burmese (Myanmar Version
Download
Information Sheet (6-12-2023) / English Version
Publisher: Information Sheet/ December 08, 2023
Publication Date: 2023
Page: 31
Language: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet (4-12-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download