ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှု


Ministry of Information/ Naypyitaw / September 26, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးအဆောက်အအုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် အမျိုးသမီးများယာယီနားခိုရာ (One Stop Women Center)တို့ကို ကြည့်ရှုပြီး လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် လူမှုသဟဇာတ ဖြစ်ရေးအစီအစဉ်အရ ဖွင့်လှစ်ထားရှိသည့် ဘာဆာရွာကျေးရွာမှ မူဆလင်ဘာသာဝင် အမျိုးသမီးများ၏ အခြေခံစက်ချုပ်သင်တန်းကိုသွားရောက်ကြည့်ရှုပြီး အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများကို ကြိုးစားသင်ယူကြရန်၊ မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် မိသားစုဝင်ငွေများ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်၊ သင်တန်းဆင်းပြီးသူများ၏ အလုပ်အကိုင်ရရှိမှုများကို မှတ်တမ်းများဖြင့် စနစ်တကျထားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မုန်တိုင်းသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ပြန်လည်လက်ခံရေးစခန်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် ရတနာပန်းတောင်းသင်္ဘောပေါ်မှ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးပစ္စည်းများ ကရိန်းယာဉ်ဖြင့် ဆိပ်ကမ်း ချနေမှုအခြေအနေများ၊ စစ်တွေမြို့ Point အပန်းဖြေစခန်း ပြန်လည်ပြုပြင် တည်ဆောက်ထားရှိမှုနှင့် စစ်တွေမြို့ ရှုခင်းသာလမ်းပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ အသစ်တည်ဆောက်မည့်မြေနေရာနှင့် မိုခါမုန်တိုင်း ကြောင့် ပြိုကျပျက်စီးသွားသော သိုလှောင်ရုံဟောင်း နေရာများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2583 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 10, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (6-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 08, 2023

Publication Date: 2023

Page: 31

Language: Burmese (Myanmar Version

Download

Information Sheet (6-12-2023) / English Version


Publisher: Information Sheet/ December 08, 2023

Publication Date: 2023

Page: 31

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: Burmese (Myanmar Version)

Download

Information Sheet (4-12-2023) / English Version


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 06, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download