ဟောင်ကောင်(တရုတ်) - စီအယ်လ်အမ်ဗွီ (CLMV)အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ


Ministry of Information/ Naypyitaw / June 01, 2023
image_latest


နေပြည်တော် မေ ၃၁

ASEAN-Hong Kong Free Trade Agreement (AHKFTA) ၏ စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်ကာလ အလွန်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ဟောင်ကောင်(တရုတ်)- စီအယ်လ်အမ်ဗွီ (CLMV) အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် (HKC-CLMV Online Investment Forum) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက ဦးဆောင်၍ Online စနစ်ဖြင့် ကျင်းပသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က Video Message ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖိုရမ်ကို မြန်မာနိုင်ငံကဦးဆောင်ကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာဆီယံနှင့်ဟောင်ကောင် (တရုတ်) တို့ အနေဖြင့်ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်စွမ်းရှိသည့် ဒေသများဖြစ်သည်နှင့်အညီ အခမ်းအနားမှတစ်ဆင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုများဖြစ်ထွန်းလာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းမဟာဗျူဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုစေပြီး CLMV အဖွဲ့ဝင်နိုင်ငံများ ပါဝင်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ဖိုရမ်တွင် ဟောင်ကောင်(တရုတ်)၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို Video Clip များဖြင့် တင်ဆက်ပြသခဲ့ကြသည်။ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများမှ တာဝန်ရှိသူများကလည်း မိမိတို့နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point Presentation များဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် စကားဝိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့်နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုပြန်လည်ဆွေးနွေးကြသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင် နိုင်ငံများအကြားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်သည့် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို စိတ်ဝင်စားစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအထွေထွေအတွင်းရေး မှူးချုပ်ရုံးမှကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးများ၏ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကုန်သည်စက်မှုအသင်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။

ယခုဖိုရမ်သည် နိုင်ငံအသီးသီးမှ တက်ရောက်ကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေး ချိတ်ဆက်မှုရရှိခဲ့ကြပြီး CLMV နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများအကြားလည်း ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2451 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download