အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ ဝန်ထမ်းများနှင့်အတူ မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ


Ministry of Labour/ ရုံးအမှတ်၅၁၊ နေပြည်တော် / December 01, 2022


နေပြည်တော်                                                                                                                                                             ဒီဇင်ဘာလ ၁ 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ (၁၁:၃၀) နာရီ တွင် အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမ၌ ဝန် ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲ ကျင်းပပပြုလုပ်ခဲ့သည်။

မိတ်ဆုံစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြ သော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုကြောင်းနှင့် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်တာဝန်များအား ကျေပွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အသိအမှတ်ပြုသည့်အတွက် မိတ်ဆုံစားပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်မှုမှာ အဆင့်အလိုက် ဝန်ထမ်းအားလုံး၏ ပူးပေါင်းဆောင် ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံးက ပေးအပ်ထားသော တာဝန်များကို တတ်စွမ်း သမျှ ကြိုးစားဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့ အတွက် ဝန်ထမ်းအားလုံးက မိမိတို့လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ဆောင်ရွက်ကြစေလိုပါကြောင်း၊

ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာ ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန်သည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးဌာနရှိ ဝါသနာရှင် တေးသရုပ်ဖော်အကအဖွဲ့မှ ကပြဖျော်ပြေမှုအား ကြည့်ရှုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အဆိုပါအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2735 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download