၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / June 01, 2023
image_latest


နေပြည်တော် မေ ၃၁

၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ (World No Tobacco Day) ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့်လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါစသည့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည့်အပြင် ရှောင်လွှဲ၍ရနိုင်သော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုကျဆင်းရေးကို ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကို ၁၉၈၉ ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာ ဖြင့် “We need food, not tobacco” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီးတို့မလို၊ စားရေရိက္ခာကိုသာလို”ဟု ပြန်ဆိုထားကြောင်း။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထုတ် လုပ်သူများသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်ရှာဖွေရန်ခက်ခဲလာသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား ဈေးကွက်ချဲ့ထွင်လာကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ဆေးလိပ်သောက်သူဦးရေ ကျဆင်းလာသော်လည်း ဖွံ့ဖြိုးဆဲဝင်ငွေနည်းပါးသည့် နိုင်ငံများတွင်ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းကဲ့သို့သောဆေးရွက်ကြီးသုံးစွဲမှု အဆမတန်များပြားလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ကွမ်းစားသူ၊ ဆေးရွက်ကြီးငုံသူ ၉၀ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်ကြကြောင်း။

၂၀၁၈ ခုနှစ်မှ ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကိုလေ့လာသည့်သုတေသနအရ မြန်မာနိုင်ငံတွင်ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရနှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာ ကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့် ညီမျှသည်ဟု တွေ့ရှိရကြောင်း။

ယခုနှစ် ဆောင်ပုဒ်တွင် မီးမောင်းထိုးပြလိုသည့် အချက်အနေဖြင့် ဆေးရွက်ကြီးအစားထိုး သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဆေးရွက်ကြီးစိုက်ပျိုးမှုကိုလျှော့ချ၍ ကမ္ဘာ့စားရေရိက္ခာဖူလုံစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၂၀၃၀ ၏ ရည်မှန်း ချက်ပန်းတိုင်တစ်ခုဖြစ်သည့် ငတ်မွတ်ခေါင်းပါးမှုမရှိရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် စိုက်ပျိုးသူတောင်သူများ အကြားဆေးရွက်ကြီးအစားထိုး စားပင်သီးပင်များ စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ခြင်း၊ နည်းပညာနှင့်ငွေကြေးထောက်ပံ့ခြင်း၊ ဆေးရွက်ကြီး အစားထိုးသီးနှံများအတွက် ဈေးကွက်ဖော်ဆောင်ပေးခြင်းများကို အလေးထားဆောင်ရွက်ပေးရန် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လှည်ကြည့်ရှုကြသည်။

သတင်းစဉ်

Newspaper - 2451 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download