(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / September 26, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၅

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် PARK ROYAL Hotel ၌ မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Shiqu ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုအခြေအနေများနှင့် ပြောင်းလဲဖြစ်ပေါ်လာသော လူကုန်ကူးမှုပုံစံများ၊ လန်ချန်း-မဲခေါင်ဒေသအတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ အဓမ္မခိုင်းစေမှုများနှင့် အဆိုပါမှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေး၊ တရားမဝင် ဝင်/ထွက်သွားလာမှုများနှင့် လူကုန်ကူးမှုများကို နှစ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နိုင်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အဆိုပါ အစည်းအဝေးကျင်းပခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရာ ရောက်ခြင်း၊ နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းနှင့် ကျူးလွန်သူတရားခံများကို ဖမ်းဆီးခြင်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြားဖြစ်ပွားသော လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2583 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 10, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (6-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 08, 2023

Publication Date: 2023

Page: 31

Language: Burmese (Myanmar Version

Download

Information Sheet (6-12-2023) / English Version


Publisher: Information Sheet/ December 08, 2023

Publication Date: 2023

Page: 31

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: Burmese (Myanmar Version)

Download

Information Sheet (4-12-2023) / English Version


Publisher: Information Sheet/ December 06, 2023

Publication Date: 2023

Page: 38

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 06, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download