ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်
ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်
Ministry of Information/ Naypyitaw / May 24, 2022

နေပြည်တော် မေ ၂၃
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း၌ ယနေ့နံနက်ပိုင်းက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်က လက်နက်ငယ်များ၊ တစ်လုံးထိုးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် အမှတ် (၁) ရပ်ကွက်၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်ခဲ့မှုများကြောင့် ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးစဉ်အတွင်း အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူ များ၏ နေအိမ်များအား မီးရှို့သွားသဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး တစ်ထပ်နေအိမ် အလုံး၃၀၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်နေအိမ် ၂၂ လုံးနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း စုစုပေါင်း နေအိမ် ၅၂ လုံးနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ကျောင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃၈၅၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမား များထံမှ Super Mag တံဆိပ်ပါ ပြောင်းချောသေနတ် တစ်လက်၊ ၁၂ ဗို့ကျည် ငါးတောင့်၊ လက်လုပ် မိုင်းလေးလုံးနှင့်အတူ CDF ထန်တလန် လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ် အမျိုးသား အလောင်း နှစ်လောင်းတို့ကိုသိမ်းဆည်းရမိခဲ့သည်။
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင် လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ထန်တလန် မြို့အတွင်း၌ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ယနေ့အထိ ထန်တလန်မြို့အတွင်း မီးရှို့မှုအနေဖြင့် (၁၆) ကြိမ် ကျူးလွန်ခဲ့ကာ လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံတစ်ခု၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း လေးကျောင်းနှင့် ဈေးဆိုင်ခန်း ခုနစ်ခန်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၀၁၁၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 1322 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 23, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download