၂၀-၅-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) များ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေး (၁/၂၀၂၂) ကျင်းပခြင်း
၂၀-၅-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) များ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေး (၁/၂၀၂၂) ကျင်းပခြင်း
Office of the Auditor General of the Union/ npt / May 24, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Unit: CPU) ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေး (၁/၂၀၂၂) ကို ၂၀-၅-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်)၊ မျဉ်းကွေး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့၊ အဖွဲ့ခေါင်းဆောင်က CPU အဖွဲ့များ၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်စေရေးအတွက် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အဖွဲ့၏လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များပါဝင်သည့် တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedures-SOP)တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ CPU အဖွဲ့ခေါင်းဆောင်က တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး CPU အဖွဲ့များ၏ ဆွေနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား မွန်းလွဲ ၃:၄၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြ သည်။


Newspaper - 1323 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 29, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 23, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download