(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ ရွှေတံဆိပ်(၉)ဆု၊ ငွေတံဆိပ်(၁၈)ဆု၊ ကြေးတံဆိပ် (၃၅)ဆုတို့ဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု (၇)ရရှိ


Ministry of Information/ Naypyitaw / May 24, 2022
image_latest


ရန်ကုန် မေ ၂၄

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြသည့် မြန်မာအားကစားသမားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

မြန်မာအားကစားသမားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် မိဘပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် Kurash အားကစားနည်း (+၈၇)ကီလိုမှ အေးအေးအောင်၊ ဘိလိယက် အားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စ၊ ဗိုဗီနမ် အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ  လက်နက်မဲ့အပြပြိုင်ပွဲမှ ခိုင်ဝါဖူး၊ မေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း Double Women ပြိုင်ပွဲမှ ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ယမုံဇင်၊ ဗိုဗီနမ် အားကစားနည်း လေးယောက်တွဲ အပြပြိုင်ပွဲမှ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း၊ ဇော်ဇော်၊ ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲအပြပြိုင်ပွဲမှရာဇာထွန်း၊ အောင်ခိုင်လင်း၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊  ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် သေနတ်ပစ်အားကစားနည်း အမျိုသားမီတာ(၅၀) Pistol ပြိုင်ပွဲမှ ရဲထွန်းနောင်၊ မီတာ(၁၀) Air Pistol  Mixed Team မှ ရဲထွန်းနောင်၊ ချစ်စိုးနွယ်၊ လှေလှော် အားကစားနည်း အမျိုးသား လေးယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲမှ မြင့်ကိုကို၊ ထက်ဝေလွင်၊ စောမိုးအောင်၊ ထွန်းမင်းသန့်၊ အောင်မျိုးသူ၊ ဂျူဒိုအားကစားနည် (-57) Kg မှ ခြူးမြတ်နိုးဝေ၊ ဗိုဗီနမ် အားကစားနည်း တစ်ကိုယ်တော် လက်သိုင်းအပြ ပြိုင်ပွဲမှ ခိုင်ဝါဖူး၊ တစ်ကိုယ်တော် ဓါးရှည်အပြ ပြိုင်ပွဲမှ မေဟန်နီအောင်လွင်၊ တုတ်ရှည်အပြပြိုင်ပွဲမှ တင်ထူးဇော်၊ ဘိလိယက်အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲမှ ပေါက်စ၊ မင်းစည်သူထွန်း၊ လက်ဝှေ့ အားကစားနည်း (-57)Kg ပြိုင်ပွဲမှ နိုင်လတ်၊ ကြေးတံဆိပ်ဆုများရရှိခဲ့ကြသည့် လှေ​လှော် အားကစားနည်း အမျိုးသမီးကနူး တစ်ယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲ၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲ၊ အမျိုးသား ကယက်နှစ်ယောက်လှော် မီတာ(၁၀၀၀) ပြိုင်ပွဲ၊ အမျိုးသားကနူး လေးယောက်လှော် မီတာ(၅၀၀) ပြိုင်ပွဲ၊ အမျိုးသမီးကနူးတစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသမီး ကနူးလေးယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတို့မှ သက်ဖြိုးနိုင်၊ ဝင်းထိုက်၊ စိုင်းမင်းဝေ၊ သန့်ဇင်ဦး၊ မင်းနိုင်၊ အောင်ဖြိုးဟိန်း၊ ထက်ဝေလွင်၊ မြင့်ကိုကို၊ အောင်မျိုးသူ၊ မျိုးလှိုင်ဝင်း၊ စုဝေဖြိုး၊ မြင့်မြင့်စိုး၊ မိုးမမ၊ စုစုလွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတို့မှ ဝေလင်းအောင်၊ ကျော်ဇင်လတ်၊ အောင်မျိုးနိုင်၊ အောင်မျိုးဆွေ၊ ဇင်ကိုကို၊ အောင်ရဲဇော်၊ အောင်သူမင်း၊ ယမုံဇင်၊ ခင်နှင်းဝေ၊ နန်းစုမြတ်စံ၊ အေးအေးသန်း၊ ဖြူဖြူသန်း၊ နမ့်ယဉ်ယဉ်မြင့်၊ ဗိုဗီနမ်အားကစားနည်း (-65)Kg အတိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲအပြပြိုင်ပွဲ၊ (-55) Kg အတိုက်ပြိုင်ပွဲ၊ (60)Kg အတိုက်ပြိုင်ပွဲတို့မှ ဝေသူလွင်၊ ရာဇာထွန်း၊ တင်ထူးဇော်၊ ကျော်ကိုကို၊ ရွှေသက်ထား၊ လက်ဝှေ့အားကစားနည်း (-52)Kg ပြိုင်ပွဲမှ လင်းထွဋ်ပိုင်၊ (-48) Kg ပြိုင်ပွဲမှ အေးငြိမ်းထူး၊ ဂျူဒိုအားကစားနည်း (-52)Kg ပြိုင်ပွဲမှ အေးမာလာ၊ (-45)Kg ပြိုင်ပွဲမှ စဲလ်ဝှီး၊ အလေးမ အားကစား နည်း (59)Kg ပြိုင်ပွဲမှ နော်တဘိုးရာ၊ စနူကာ အားကစားနည်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှ အောင်ဖြိုးတို့နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာ ကြသည်။

နိုင်ငံတော်မှ(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ ကြသော အားကစားသမားများအား ရွှေတံဆိပ်တစ်ဆုလျှင် ငွေကျပ်သိန်း(၃၀၀)၊ ငွေတံဆိပ် တစ်ဆုလျှင် ငွေကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ်တစ်ဆုလျှင် ငွေကျပ်သိန်း(၁၀၀) နှုန်းဖြင့်လည်း ကောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့သော နည်းပြများအား သတ်မှတ် ဆုကြေးငွေများ ကိုလည်းကောင်း ဂုဏ်ပြုအခမ်းအနားဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ ကာလအတွင်းတွင်လည်း ထပ်ဆောင်းချီးမြှင့်ငွေအဖြစ် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ (၃၀၀၀)၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ(၂၀၀၀)၊ ကြေးတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ(၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိပါက အမေရိကန်ဒေါ်လာ (၇၅၀)နှုန်းဖြင့် လည်းကောင်း၊ ကြေးတံ ဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ (၅၀၀)နှုန်းဖြင့် လည်းကောင်း ချီးမြှင့်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 1322 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ‌ရက် ၊‌ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊‌ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊‌ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊‌ ဇွန် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊‌ ဇွန် ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊‌ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊‌ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊‌ ဇွန် ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊‌ ဇွန် ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊‌ ဇွန် ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download