COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Ministry of Information/ Naypyitaw / January 28, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့် သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၇၇၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၂၀) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၃၂၇,၂၇၈) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၄,၉၀၈) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၈) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၁၂,၉၀၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ မရှိ သဖြင့် COVID-19ရောဂါဖြင့် သေဆုံးမှုမရှိသည်မှာ (၅) ရက်ဆက်တိုက်ရှိပြီဖြစ်ပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးသန့် ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်စီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းစသည့်လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။
• သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယ ရောဂါလက္ခဏာ ရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူ ခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေး ဌာနသို့ ဆက်သွယ် ပို့ဆောင်ပေးခြင်းစသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်နေသည့် လုပ်ငန်းများကိုကျရာ ကဏ္ဍမှတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေး တိုက်တွန်း နှိုးဆော်အပ် ပါသည်။
• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက် စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Newspaper - 1286 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် ၊ မေ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ မေ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download