တပ်မတော်စစ်ကြောင်းများက မုံရွာ - စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ငါးလုံးတင်ကျေးရွာအား စစ်စခန်းအဖြစ်အသုံးပြုနေကာ အခြေပြုနေသော PDF အမည်ခံ အကြမ်းဖက်သမားများအား အပြီးတိုင်တိုက်ခိုက်ချေမှုန်း


Ministry of Information/ Naypyitaw / June 09, 2026
image_latest


နေပြည်တော် ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၏တောင်ဘက်၊ ချောင်းဦး-ရေစကြိုသွားကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်းသို့ လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို စစ်စခန်းအဖြစ် အသုံးပြုပြီးအခြေပြုကာ အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချကာ မုံရွာ-စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် အပြီးတိုင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအတွင်းသို့ လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်ကာ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်၍ စစ်စခန်းအဖြစ်အသုံးပြုကာ အခြေချနေထိုင်နေစဉ်အတွင်း ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ်အသုံးချ၍ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသော ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်း၊ သံဃာများနှင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

ထို့ပြင် မုံရွာ-စစ်ကိုင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေး လမ်းကြောင်းတို့ကိုအသုံးပြု၍ ဒေသခံပြည်သူများ၏ အခြေခံ လူမှု၊ စီးပွားဘဝများ အဆင်ပြေစေရန်အတွက် ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသော ကုန်တင်ကားများ၊ ခရီးသွားမော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေးကောက်ခံခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုများနှောင့်နှေးခဲ့ပြီး ဒေသခံပြည်သူများသည် ကုန်စည်ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးရခြင်း၊ လုံခြုံအေးချမ်းမှုမရှိဘဲ နေထိုင်ရခြင်းများကို ကြုံတွေ့ ခံစားနေကြရကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ငါးလုံးတင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် တာဝန်သိ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ငါးလုံးတင်ကျေးရွာတွင်ဝင်ရောက်ကာ စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချနေထိုင်လျက်ရှိသော PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် တိုက်ခိုက်ချေမှုန်းရန်အတွက် ချောင်းဦးမြို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ဇွန်လ ၅ ရက်မှစတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန်လ ၆ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မှန်ချိုကျေးရွာအားလည်းကောင်း၊ ဇွန်လ ၈ ရက်နေ့တွင် ဂူကြီးဘုန်းကြီးကျောင်းနှင့် ဆင်မြေကျေးရွာတို့အားလည်းကောင်း၊ ယနေ့နေ့လယ်ပိုင်းတွင် ငါးလုံးတင်ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်အားလည်းကောင်း အသီးသီး ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊ လက်လုပ် Fixed Wing ၁ စင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ငါးလုံးတင်ကျေးရွာအား စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်စဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ခံစစ်ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကိုဖမ်းဆီးခြင်း၊ လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ပြည်သူလူထု၏ တိုက်တာ၊ အိုးအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ငါးလုံးတင်ကျေးရွာအား စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်လျက်ရှိသော အကြမ်းဖက်သမားများအား အပြီးတိုင် တိုက်ထုတ်ပေးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများက တပ်မတော်စစ်ကြောင်းများအား ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3551 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download