တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ ရှုခင်းကြည့် (Sight Seeing) အပျော်စီးရထားကို တောင်ကြီး-ပေါမူ-တောင်ကြီး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ စတင်ပြေးဆွဲလျက်ရှိ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ ရှုခင်းကြည့် (Sight Seeing) အပျော်စီးရထားကို တောင်ကြီး-ပေါမူ-တောင်ကြီး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ စတင်ပြေးဆွဲလျက်ရှိ
Ministry of Information/ Naypyitaw / November 02, 2025
နေပြည်တော် နိုဝင်ဘာ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလဖြစ်သည့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၄ ရက်အထိ ပြေးဆွဲပေးလျက်ရှိသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်မှာ (၁၁ ဒသမ ၄၁)မိုင် ကွာဝေးပြီးပြေးဆွဲချိန် ၁ နာရီခွဲခန့်ကြာမြင့်ကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ် ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးပြီး ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိ၍ ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးကာ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲ တွင် ပြန်လည်ရောက်ရှိသည်။
ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်း ဖြင့် အထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့် ရထားထိန်းတွဲတစ်တွဲဖြစ် ပြီး ရထားစီးခရီးသည် အထက်တန်း ၃၆ ဦး၊ ရိုးရိုးတန်း ၇၂ ဦး စုစုပေါင်း ၁၀၈ ဦး လိုက်ပါစီးနင်းကြသည်။
အဆိုပါတောင်ကြီး-ပေါမူ အသွား/ အပြန်ခရီးစဉ်အတွက် လက်မှတ်ခ နှုန်းထားမှာ အထက်တန်းတွဲ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် အဆိုပါတောင်ကြီး-ပေါမူ အသွား/ အပြန်ခရီးစဉ်အတွက် အထက်ပါသတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3337 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
