ဒီအခက်အခဲကို အားလုံးရင်ဆိုင်ကျော်လွှားရတယ်ဆိုပေမယ့် အခုလိုအဆင်ပြေပြေဖြစ်အောင် အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်


Ministry of Information/ Naypyitaw / April 21, 2025
image_latest


နေပြည်တော် ဧပြီ ၂၀

ဒေါ်သီတာအောင် (မှီခို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။

ထိုသို့ ယာယီနေရာချထားပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဗလသိဒ္ဓိရပ်ကွက်၌ တည်ဆောက်ထားသည့် ယာယီတည်းခိုရေးစခန်းသို့ သွားရောက်၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား နေရာချထားမှုအခြေအနေတို့ကို မြေပြင်ကွင်းဆင်းလေ့လာကာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ရေးသားဖော်ပြလိုက်ပါသည်။

ဦးတင်အောင် (အုပ်ချုပ်ရေးမှူး၊ ဗလသိဒ္ဓိရပ်ကွက်)

ဗလသိဒ္ဓိရပ်ကွက် ယာယီတည်းခိုရေးစခန်းမှာ ယာယီမိုးကာတဲအလုံး ၁၅၀ ရှိပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့က အမျိုးသား ၁၉၆ ဦးနဲ့ အမျိုးသမီး ၂၃၂ ဦး စာရင်းရှိပါတယ်။ ရေအတွက်ကို တပ်မတော်နဲ့စည်ပင်သာယာရေးကော်မတီတို့က အချိန်မှန်ဖြည့်ပေးနေတဲ့အတွက် ချိုးရေ၊ သုံးရေက လုံလောက်မှုရှိပါတယ်။ သောက်ရေသန့်အတွက် ရေသန့်စက်လည်းထားရှိပါတယ်။ အိမ်သာအသုံးပြုဖို့ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားထားပြီး အလုံး ၄၅ လုံးရှိပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကျန်းမာရေးမထိခိုက်စေဖို့အတွက် အမှိုက်ပုံး ၁၅ ပုံး ထားပေးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ကလည်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အချိန်ပြည့်လုံခြုံရေးပေးပါတယ်။ မီးလင်းရေးအတွက်ကိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း မီးတိုင်တွေ စိုက်ပေးထားပါတယ်။ ယာယီမိုးကာတဲအတွင်းမှာလည်း လျှပ်စစ်မီးနဲ့ ဆိုလာအသုံးပြုလို့ရတဲ့ မီးအိမ်လေးတွေ စီစဉ်ပေးထားပါတယ်။ အားလုံးလိုအပ်ချက်မရှိစေရေးအတွက် တတ်နိုင်သလောက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။

ကိုသန့်ဇင်ဦး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

ကျွန်တော်ကတော့ အိမ်ထောင်စုစာရင်း၊ ဝန်ကြီးဌာနအလိုက် လူဦးရေစာရင်းနဲ့ မိုးကာတဲတည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်ရပါတယ်။ ကုသိုလ်ရှင်တွေ လာရောက်လှူဒါန်းတဲ့အခါမှာလည်း အိမ်ထောင်စုအလိုက်၊ တစ်ဦးချင်းအလိုက် အားလုံးတန်းတူညီမျှရရှိရေးအတွက် စနစ်တကျစီစဉ်ဆောင်ရွက်ပေးပါတယ်။ စားသောက်ရေးအတွက် အလှူရှင်တွေ နည်းပါးသွားရင်တော့ ချက်စားဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဦးကျော်ကျော်အောင် (မြို့နယ်တပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း)

ကျွန်တော်တို့အသင်းက မန္တလေးငလျင်ကြီး လှုပ်ပြီးတဲ့အချိန်မှာပဲ လူအင်အား ၁၂ ယောက်နဲ့ ခရေနဲ့ဗလသိဒ္ဓိဝန်ထမ်းအိမ်ရာတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အသက်ရှင်ကယ်ဆယ်နိုင်သူ ကိုးယောက်နဲ့ သေဆုံးသူငါးယောက်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရှာဖွေကယ်ဆယ်ရေးပြီးစီးသွားတဲ့အတွက် ယာယီတည်းခိုရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပါတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ဘေးသင့်ပြည်သူတွေရဲ့ လက်ဝယ်အရောက်ရရှိနိုင်ရေးဆောင်ရွက်ပါတယ်။ အခုဗလသိဒ္ဓိရပ်ကွက် ယာယီတည်းခိုရေးစခန်းမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးခြင်းနဲ့ နီးစပ်ရာဆေးရုံတွေ ရွှေ့ပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို စိတ်အားငယ်မှုမရှိဘဲ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြမှာပါလို့ ပြောချင်ပါတယ်။

ဒေါ်သီတာအောင် (မှီခို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)

ကျွန်မတို့မိသားစု ဒီယာယီတည်းခိုရေးစခန်းမှာ နေထိုင်ရတာအဆင်ပြေပါတယ်။ အစားအသောက်လည်း လှူဒါန်းသူတွေပေါများတဲ့အတွက် အချိန်မှန်စားသုံးရပါတယ်။ သောက်သုံးရေဆိုရင်လည်း ရေသန့်ဘူးနဲ့ ရေသန့်စက်တွေရှိတော့ အဆင်ပြေပါတယ်။ ချိုးရေ၊ သုံးရေနဲ့ အိမ်သာကအစရေကန်တွေကို ကျား၊ မ သီးသန့်စီခွဲခြားပေးပြီး ပြတ်လပ်မှုမရှိအောင် အမြဲတမ်းလာဖြည့်ပေးပါတယ်။ ကျန်းမာရေးအတွက်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က အမြဲတမ်းဂရုတစိုက်နဲ့ စောင့်ရှောက်ပေးပါတယ်။ ဒီအခက်အခဲကို အားလုံးရင်ဆိုင်ကျော်လွှားရတယ်ဆိုပေမယ့် အခုလိုအဆင်ပြေပြေဖြစ်အောင် အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

အမေး/အရေး-အေးအေးသန့်

ဓာတ်ပုံ-ကိုအေးသန်း

Newspaper - 3418 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download