ဒုတိယဝန်ကြီး ဦးမြင့်စိုး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးမြင့်စိုး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / July 09, 2025
နေပြည်တော် ဇူလိုင် ၈
“တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အမှတ် (၂) ခရိုင်ချင်းဆက်လမ်းမှ ရှေးဟောင်းသမိုင်းဝင် သားခိုတောင် မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ သွားသောလမ်းအရှည် သုံးမိုင်ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အဆိုပါလမ်းကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေစေရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် လတ်တလောပြုပြင်ဖောက်လုပ်ပေးရမည့် လမ်းအခြေအနေနှင့် Box Culvert တည်ဆောက်ပေးရမည့်နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပျူခေတ်လက်ရာ အုတ်လှေကားများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ငယ်ချောင်းကူး အုန်းပင် - တောင်ပို့သာ သံကူကွန်ကရစ် တံတား ပေ ၃၀၀ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် ကြို့ပင်သာကျေးရွာ၌ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး (SEP) စီမံကိန်းရန်ပုံ ငွေကျပ်သိန်း ၂၁၀ ပေးအပ်၍ အိမ်ထောင်တစ်စုချင်းအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းဝင်းအတွင်း ရေသွယ်ယူရေးလုပ်ငန်းများ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အင်ပင်ကျေးရွာသို့သွားရောက်၍ ဝါစိုက်သမဝါယမအသင်းသားတောင်သူများထံ ဝါမျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယမန်နှစ် ဝါစိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်း ပိဿာ ၅၅၀ ခန့်သာရရှိ၍ ယခုနှစ် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ကျော်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စိုက်ပျိုးရေးသမဝါယမအသင်းလေးသင်း၏ ဝါစိုက်ဧက ၆၇၄ ဧကအတွက် ရာကာ ခြောက်ရာခြောက်ဆယ့်ခြောက် (RAKA-666) ဝါမျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3409 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
