နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံမြို့တော်ဝန်များဖိုရမ် တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ


Ministry of Information/ Naypyitaw / September 18, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဗီယင်ကျန်းမြို့တော်ဝန်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အာဆီယံမြို့တော်များ၏ အကြီးအကဲများ၊ မြို့တော်ဝန်များ အစည်းအဝေး(၂၀၂၄)နှင့် အာဆီယံမြို့တော်ဝန်များဖိုရမ် (၂၀၂၄)သို့ တက်ရောက်ရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ အစည်းအဝေးကို အာဆီယံမြို့တော်များအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်နှီးနှောဖလှယ်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းလူမှုအသိုင်းအဝိုင်းအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့တော်များအဖြစ် ဖန်တီးနိုင်ရေးအတွက် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်နိုင်ခြင်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ဖော်ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မြို့တော်များမှ အကြီးအကဲများနှင့် တီမောလက်စ်တေနိုင်ငံ ဒီလီမြို့မှ မြို့တော်ဝန်တို့က လေ့လာသူအဖြစ် တက်ရောက်ကြပြီး ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မဟာဗျူဟာမိတ်ဖက်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကော်မတီနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3078 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download