ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူများအား အရေးယူ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူများအား အရေးယူ
Ministry of Information/ Naypyitaw / November 02, 2025
လက်ရှိကာလသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၅၀ ကျော်သာလိုတော့သည့်ကာလဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တို့ကျင်းပမည့် သတ်မှတ်ရက်များကို အသိပေးကြေညာထားပြီး ဖြစ်သည်။ တရားဝင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးတို့သည်လည်း သက်ဆိုင်ရာနယ်မြေဒေသများအလိုက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်နေကြပြီဖြစ်သည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာ၌ ပထမဆုံးအရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နိုင်ငံသားအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလိုလားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့အကောင်အထည်ဖော်နေချိန်တွင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲပျက်ပြားစေရန်အတွက် နှောင့်ယှက်ဟန့်တားသူများအား ဖော်ထုတ် အရေးယူကြရမည်သာဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်အနေဖြင့် လိုအပ်သည့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများကို လည်း အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထုတ်ပြန်အသိပေးပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်ကြသူများအား ဖော်ထုတ်အရေးယူခြင်းများကိုဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၄၀ တွင် ပြစ်မှုကျူးလွန်သူ ၈၈ ဦးရှိခဲ့ပြီး ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်မှုများရှိခဲ့ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
ရွေးကောက်ပွဲသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော အမျိုးသားရေးလုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍများအလိုက် စည်းရုံးလှုံ့ဆော်မှု၊ အသိပညာပေးမှုများကို ပြုလုပ်ကြရသည်မှာ ဓမ္မတာဖြစ်သည်။ နိုင်ငံတော်၏အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် နိုင်ငံသားများအနေဖြင့် ကျရာကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ခြင်းသည် နိုင်ငံသားကောင်းပီသခြင်းသာဖြစ်သည်။ နိုင်ငံသားများအနေဖြင့် မတူကွဲပြားသောစိတ်ထား များရှိမည်ဖြစ်သော်လည်း ရွေးကောက်ပွဲသည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ဆဲကာလဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်ရာကာလ များအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး လက်ရှိရရှိထားသောတိုးတက်မှုများကို အခြေခံပြီးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် နိုင်ငံတော်၏ ဆောင်ရွက်ချက်များအပေါ် အဖျက်သမားများ၊ သောင်းကျန်းသူအဖွဲ့များ၏ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုများကို လုံခြုံရေးတပ်ဖွဲ့များက ထိရောက်စွာ ရှာဖွေနှိမ်နင်းတိုက်ဖျက် လျက်ရှိရာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများကလည်း စိတ်ပျက်အားငယ်ခြင်းမဖြစ်ဘဲ နိုင်ငံတော်၏ အကာအကွယ်ပေးမှုများနှင့်အတူ ဆက်လက်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ပြည်ပမှနေ၍ နှောင့်ယှက်ဟန့်တား ဖျက်လိုဖျက်ဆီးလုပ်နေမှုများအပေါ်တွင် ဝင်ရောက်မပတ်သက်ရန် လိုပေမည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နှောင့်ယှက်ဟန့်တားမှုများတွင် ဝင်ရောက်ပတ်သက် မိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ကို သတိချပ်ရန်လိုမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3336 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
