ပဲခူးတိုင်းဒေသကြီးသည် တိုးတက်မှုကောင်းမွန်ပြီး နိုင်ငံ၏ GDP ကို ဦးဆောင်လျက်ရှိသည့် တိုင်းဒေသကြီးများထဲမှ တစ်ခုဖြစ်


Ministry of Information/ Naypyitaw / November 12, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ဒေသတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ Pipeline အတွင်းရှိ စီမံချက်များနှင့် အလားအလာများ၊ ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်မှု၊ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် အကူအညီအထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ခွင့်ပြုထုတ်ချေးငွေများ ပြန်လည်ကောက်ခံရရှိရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီးသည် တိုးတက်မှုကောင်းမွန်ပြီး နိုင်ငံ၏ GDP ကို ဦးဆောင်လျက်ရှိသည့် တိုင်းဒေသကြီးများထဲမှ တစ်ခုဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဈေးကွက်ရှိသည့်ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုအလားအလာတိုးမြှင့်ရေး၊ MSMEs ဖွံ့ဖြိုးမှုနှင့် စီးပွားရေးကဏ္ဍ ပိုမိုအားကောင်းရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ စံချိန်စံညွှန်းပြည့်မီသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးမျှဝေခံစားသည့် အသိုက်အဝန်းဖြစ်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Business Model မှန်ကန်အောင် ဆောင်ရွက်၍ ရင်းနှီးမြှုပ်နှံမှု စဉ်ဆက်မပြတ် တိုးတက်မှုရှိသည့် စီးပွားရေးဝန်းကျင်ကောင်းဖြစ်လာစေရန်၊ သဘာဝဝန်းကျင်နှင့် ကိုက်ညီသည့် လုပ်ငန်းများဖြစ်လာစေရန်နှင့် ကောင်းမွန်သည့်ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စနစ်ထားရှိဆောင်ရွက်ရန် ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အလုပ်သမားဝန်ထမ်းပေါင်း ၁၈၀၀ နှင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့ ဥဿာမြို့သစ်ရှိ MYANSTAR GARMENT Co., Ltd. ကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှတာဝန်ရှိသူများက လုပ်ငန်းလည်ပတ်နေသည့်အခြေအနေ၊ ဈေးကွက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ နည်းပညာလွှဲပြောင်းရရှိရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်ရေးနှင့် ဒေသခံပြည်သူများအတွက် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

Newspaper - 3347 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download