ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ (၁၈) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / December 07, 2025
image_latest


မန္တလေး ဒီဇင်ဘာ ၆

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ (၁၈)ကြိမ် မြောက် ပန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်နှင့် ဦးမျိုးသန့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များတက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ သမိုင်းအစဉ်အလာကို တန်ဖိုးထားဂုဏ်ယူနိုင်စေရန်၊ ရုက္ခဗေဒပညာရပ်၏အရေးပါမှုနှင့် အကျိုးပြုမှုတို့ကို ပိုမိုသိရှိတန်ဖိုးထားတတ်လာစေရန်၊ ပြည်သူအများ ဗဟုသုတတိုးပွားပြီး စိတ်ကြည်နူးစွာ အပန်းဖြေနိုင်စေရန်နှင့် ဒေသ လူမှုစီးပွားနှင့် ခရီးသွားလုပ်ငန်းကဏ္ဍကို အထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပန်းပွဲတော်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၁၉၂၄ ခုနှစ်မှာ “မေမြို့ရုက္ခဗေဒ ဥယျာဉ်ကြိုးဝိုင်း”အဖြစ် သတ်မှတ်ကြေညာတည်ထောင်ခဲ့သည့် “အမျိုးသားကန်တော်ကြီးဥယျာဉ်” မှာ ယခင်နှစ် ၂၀၂၄ ခုနှစ် တွင် နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီး ရာပြည့်ပွဲ အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဥယျာဉ်၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသလူမှုစီးပွားရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည့်အတွက် နှစ် ၁၀၀ ကျော်တိုင်ခဲ့ပြီဖြစ်သော အမျိုးသားကန်တော်ကြီးဥယျာဉ်၏ သမိုင်းအစဉ်အလာကိုဂုဏ်ယူ၍ လက်ဆင့်ကမ်းတန်ဖိုးထား ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတို့က အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ (၁၈) ကြိမ်မြောက် ပန်းပွဲတော်စွဲမက်ဖွယ်ရာ ပန်းခင်းကမ္ဘာ (Immersive Flowers Festival) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းပွဲတော်အဖွင့် မြန်မာ့ဆိုင်းဝိုင်းနှင့် သစ္စာဓိရာဇ်ဖျော်ဖြေရေးအဖွဲ့တို့တွဲဖက်၍ နိုင်ငံကျော်တေးသံရှင် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေတင်ဆက်သည့် အဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ပြကွက်များအလိုက် အလှပန်းမန်များစိုက်ပျိုးထားရှိမှု၊ လာရောက်အပန်းဖြေအနားယူနေကြမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် (၁၈)ကြိမ်မြောက် ပန်းပွဲတော်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပန်းပွဲတော်အပါအဝင် ပြင်ဦးလွင်မြို့ရှိ အပန်းဖြေစခန်းများနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ် အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း  သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3372 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download