ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေနှင့် သစ်ဆိပ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 21, 2025
image_latest


နေပြည်တော် ဧပြီ ၂၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ခေတ်အေးသစ်ဆိပ်သို့ သွားရောက်၍ သစ်ဆိပ်အတွင်း သစ်မာသစ်လုံး တန် ၄၃၀၀ စုပုံထားမှု အခြေအနေနှင့် သစ်စက်များသို့ သစ်လုံးများ တင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ဆိပ်လက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ ပို့ဆောင်ပြီးစီးမှု၊ ခွဲစိတ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်စက်များသို့ သစ်လုံးများပို့ဆောင်ရေး၊ သစ်စက်များတွင် သစ်ခွဲသားများ ခွဲစိတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်ဆိပ်များတွင် သစ်ခွဲစက်များ တည်ထောင်၍ ခွဲစိတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ဧရိယာအပြင် အခြားတိုင်းဒေသကြီးများရှိ သစ်ဆိပ်များမှ သစ်လုံးများအား သစ်စက်များသို့ တင်ပို့ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သစ်ဆိပ်များမှ သစ်လုံးများအား သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်းထားရှိသော နေရာများသို့သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download