ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / August 11, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား စစ်ရေးပြအခမ်းအနားဖြင့် ရုပ်ကလာပ်တင်ဆောင်မည့်နေရာသို့ သယ်ဆောင်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ယာယီသမ္မတဦးမြင့်ဆွေ၏ မိသားစုဝင်များက ကြည့်ရှုဂါရဝပြုကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပမည့် ငြိမ်းအေးဇရပ်သို့ရောက်ရှိကြပြီး ငြိမ်းအေးဇရပ်အတွင်းရှိကလာပ်တွင် ပြင်ဆင်ထားရှိသည့် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ကြည့်ရှုဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုပွားများချီးမြှင့်တော်မူကြသည့် “သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစချီသည့် သံဝေဂသုံး ဂါထာကိုနာယူကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများသည် ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ သံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများက ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ထပ်မံကြည့်ရှုဂါရဝပြုကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ ပို့ဆောင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ၈ ဦးက အမြောက်ယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်လာရာ တပ်မတော်ဂုဏ်ပြု သေနတ်အဖွဲ့မှ နေရာယူ၍ သေနတ်မြှောက်၍ အလေးပြုခြင်း၊ သက်ပျောက်ရွှေရေအိုးခွဲခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် အမြောက်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ထွက်ခွာရာ နိုင်ငံငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ကြသည်။

ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကိုတင်ဆောင်ထားသည့် အမြောက်တင်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိငြိမ်းအေးဇရပ်မှ ပုဗ္ဗသီရိမြို့ပတ်လမ်းအတိုင်း တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ မောင်းနှင်လာရာ လမ်းတစ်လျှောက်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဂါရဝပြုဦးညွှတ်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ဈာပနယာဉ်တန်းသည် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ရောက်ရှိပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ဂုဏ်ပြုအခမ်းအနားကျင်းပမည့်နေရာသို့ ဂုဏ်ပြုစစ်ရေးပြဖြင့်ပို့ဆောင်ကြရာ ယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီးနှင့်မိသားစုဝင်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များက ပို့ဆောင်ကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ပြည်ထောင်စုဝန်ကြီး ၈ ဦးက ရုပ်ကလာပ်တင်စင်ပေါ်သို့ ပို့ဆောင်တင်ဆောင်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက နေရာယူကြပြီး တပ်မတော်ဂုဏ်ပြု သေနတ်ပစ်အဖွဲ့က ဂုဏ်ပြုစစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကာ သေနတ်မြေစိုက်ဦးခိုက်အလေးပြုကြပြီး သေနတ်မြှောက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအားဖတ်ကြားပြီး အမိန့်ပြန်တမ်းအား ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ထည့်သွင်းထားသော အခေါင်းအတွင်းသို့ ထည့်သွင်းသည်။

ယင်းနောက် တပ်မတော်ဂုဏ်ပြုသေနတ်ပစ်အဖွဲ့က သေနတ် ၃ ချက်ပစ်ဖောက် ဂုဏ်ပြုကြပြီး နောက်ဆုံးအကြိမ်အဖြစ် သေနတ်မြှောက်အလေးပြုကာ စစ်ခရာမှုတ်၍ ဂုဏ်ပြုကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့က ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တစ်ဦးချင်းဂါရဝပြုကြသည်။

၎င်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီးနှင့် မိသားစုဝင်များက နောက်ဆုံး အကြိမ်အဖြစ်ဂါရဝပြုကြပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်စက်အတွင်းသို့ ထည့်သွင်းမီးသင်္ဂြိုဟ်သည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသောကြွေအိုးအား ယာယီသမ္မတဦးမြင့်ဆွေ၏ သားဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)က ဦးဆောင်ကာ မိသားစုဝင်များနှင့်အတူ ဂူသွင်းမည့်နေရာသို့ သယ်ဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်ဈာပန ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာကြွေအိုးအား ဂူအတွင်းထည့်သွင်း၍ ဂူပိတ်မှုကိုကြည့်ရှုကြသည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ဂူဗိမာန်အား မိသားစုဝင်များက ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3528 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download