ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်မြို့အတွင်းစီးဆင်းလျက်ရှိသည့် သမိုင်းချောင်းအပါအဝင် ချောင်းများ၊ မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ သမိုင်းချောင်းတံတားနေရာနှင့် ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတံတားနေရာတို့သို့ ရောက်ရှိစစ်ဆေးရာ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ အမှိုက်များအား သတ်မှတ်နေရာများ၌သာစွန့်ပစ်စေရေးနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရေး ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကောင်းမွန်စွာစီးဆင်းမှုမရှိသည့် ချောင်းများ၊ မြောင်းများအတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူလူထု၏ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းချောင်းအပါအဝင် ရန်ကုန်မြို့အတွင်းစီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများမှ စွန့်ထုတ်ရေများ ရေထွက်ပေါက်များမှတဆင့် သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းသို့ စီးဆင်းရာတွင် ပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအသုံးပြု၍ ချောင်း၊ မြောင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပိတ်ဆို့နေသည့်နေရာများအား ရှင်းလင်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယခင်က ရန်ကုန်မြို့အတွင်း၌ မိုးရာသီကာလများတွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ စနစ်တကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခင်နှစ်များထက် ရေကြီးရေလျှံမှုများ များစွာလျော့နည်းလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းချောင်းအား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်၍ ရေစီးရေလာများကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဆိုပါက မိုးရာသီကာလများတွင် မရမ်းကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကို များစွာလျှော့ချနိုင်မည့်အပြင် ချောင်းတစ်လျှောက် အနံ့အသက်ဆိုးများ လျော့ပါးသွားမည်ဖြစ်သဖြင့် သမိုင်းချောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူမြို့နေပြည်သူလူထုများအနေဖြင့်လည်း ချောင်းများ၊ မြောင်းများတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများမရှိစေရေး ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ယခုထက်ပိုမိုသာယာ လှပသည့်မြို့ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

သီရိမင်္ဂလာဈေး

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာဈေးသို့ရောက်ရှိကြပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချလျက်ရှိသည့် ပြည်သူများ၊ ကုန်များလာရောက်ပို့ဆောင်ကြသည့် ကုန်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက်ရရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင် ကြုံတွေ့ရမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် သီရိမင်္ဂလာဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေဝင်ရေထွက် မြောင်းများစနစ်တကျဖြစ်စေရေး အပိုင်းလိုက်သတ်မှတ်၍ ရေဆေးခြင်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးနေသည့် အမိုးများကိုလည်း ပြန်လည်ပြုပြင်သွားရန်နှင့် လေဝင်လေထွက်စနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများ လာရောက်ပို့ဆောင်ခြင်းများဆောင်ရွက်ရာတွင် စွန့်ပစ်အမှိုက်များအား မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ရွှေပိတောက်ငါးဈေး

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေပိတောက်ငါးဈေးသို့ရောက်ရှိကြပြီး ဈေးဆိုင်ခန်းများအလိုက် ဈေးရောင်းချနေသည့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ဈေးရောင်းချရမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားသည်။ ထို့နောက် လှိုင်မြစ်နံဘေးရှိ ရွှေပိတောက်ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများဆိုက်ကပ်မှု၊ အသုံးပြုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ရှိသူများအား ရွှေပိတောက်ငါးဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်စွန့်ပစ်မှုများစနစ်တကျဖြစ်စေရေး၊ ပျက်စီးယိုယွင်းနေမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားနိုင်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)

ထို့ပြင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါပြီး မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း (ရန်ကုန်) သို့သွားရောက်၍ ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးနိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)ရှိ အပူချိန်အပေါင်း ၂ ဒီဂရီစင်တီဂရိတ် မှ အပေါင်း ၈ ဒီဂရီစင်တီဂရိတ် အတွင်းထားရှိနိုင်သော အအေးခန်းများနှင့် အပူချိန်အနုတ် ၁၅ ဒီဂရီ စင်တီဂရိတ် မှ အနုတ် ၂၅ ဒီဂရီစင်တီဂရိတ် ထားရှိနိုင်သော အအေးခန်းများအတွင်း ကာကွယ်ဆေးများအား အမျိုးအစားအလိုက် သိုလှောင်ထားရှိမှု၊ ဆေးထိုးအပ်များသိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆေးဝါးများသိုလှောင်ရာတွင် လျှပ်စစ်မီးလိုအပ်ချက် ပြတ်တောက်မှုမရှိစေရေးနှင့် ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်သွားရန်၊ သိုလှောင်ခန်းများအတွင်း အခန်းတွင်းအပူချိန်ထိန်းညှိမှုစနစ်တကျဖြစ်စေရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download