မန္တလေးငလျင်ကြီးကြောင့် အောင်မြေသာစံမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 02, 2025
image_latest


မန္တလေး နိုဝင်ဘာ ၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း တစ်စိတ်တစ်ပိုင်း နှင့်လုံးဝပျက်စီးခဲ့သည့် နေအိမ်များနှင့်တိုက်ခံအိမ်များအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသေဆုံးသူများ၏ မိသားစုဝင်များအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိသည်။

အောင်မြေသာစံမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ နေအိမ်အဆောက်အအုံများ၊ ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ ထိခိုက်ပျက်စီးခြင်း၊ လူသေဆုံးခြင်းများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ် ခြင်းအခမ်းအနားကို ယမန်နေ့က အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီဘုရားဝင်း နိုင်လွန်ဓမ္မာရုံ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပူးပေါင်းပါဝင်

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အိုးအိမ်ပစ္စည်းများဆုံးရှုံးခြင်း၊ လူ့အသက်များဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ယခု အခါပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ယနေ့အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေအိမ်များပျက်စီးခဲ့ရသည့် ပြည်သူများနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ရေးအတွက် နေအိမ်အမျိုးအစားအလိုက် ပျက်စီးမှုအလိုက် (လုံးဝ၊ တစ်စိတ် တစ်ပိုင်း)ခွဲခြားပြီး အိမ်တစ်လုံးချင်းစီ အတွက်သတ်မှတ်ထားသည့် ထောက်ပံ့နှုန်းထားအတိုင်းငွေသား၊ အိမ်ဆောက်ပစ္စည်းတို့ဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်တည်ဆောက်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းစဉ်းစားပြီး အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ငလျင်ဒဏ်ခံအဆောက် အအုံများအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို အတိအကျလိုက်နာပြီး တည်ဆောက်သွားရန် လိုအပ်ပါကြောင်းနှင့် ငလျင်ဘေးပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထောက်ပံ့ပေးအပ်

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် တိုင်းဒေသကြီးအတွင်းမှ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြည်သူများအားပေးအပ်ရာ အောင်မြေသာစံမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံ လုံးဝပျက်စီးသည့်နေအိမ်အလုံး ၅၇၀ အတွက် ကျပ်သိန်း ၁၈၆၂၄၀၊ တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် ၁၄၁၂ လုံး အတွက် ကျပ် ၁၈၄၈၀၆ ဒသမ ၄၁၆ သိန်း၊ ဘိလပ်မြေအိတ် ၉၇၄၀၊ သံချောင်း လုံး ၉၉၆ ဒသမ ၂၁ တန်၊ အမိုးသွပ် အချပ် ၃၅၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ပြီး ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြား၍ ထောက်ပံ့ပေးသည့်ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3336 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download