မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂ဝ၂၅) ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / December 11, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာ ခန်းမ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) အား ကျင်းပပြုလုပ်ခဲ့ရာ  မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ၄၈ ဦးသည် လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ ၅၉ ဦးသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လည်းကောင်း၊ စုစုပေါင်း ၁၀၇ ဦး တက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ် ပြုနေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ UNODC ၏ စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ၃၁၆ သန်းခန့်ရှိကြောင်း၊ မူးယစ် ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိကြောင်း။

     မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဖြစ်ပေါ်နေသော အခြေအနေ များအပေါ် အခွင့်ကောင်းယူပြီး ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ပြီး မူးယစ် ဆေးဝါးများကို ၎င်းတို့နယ်မြေအတွင်း ထုတ်လုပ်လျက်ရှိကြောင်း။

    မြန်မာနိုင်ငံသည် ယခင်ကပင် ဘိန်းစိုက်ပျိုးမှုပြဿနာကို ကာလရှည်ကြာ ရင်ဆိုင်ဖြေရှင်း ခဲ့ရပြီး လက်ရှိကာလတွင်လည်း ပတ်ဝန်းကျင်နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှုပြဿနာများကို တိုးမြှင့်ရင်ဆိုင်နေရကြောင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်း၍ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတိုင်းတာရေးနှင့် ဘိန်းစိုက်ဒေသရှိ တောင်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူရေးလုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း။

     ဘိန်းခင်းဖျက်ဆီးမှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများ ပူးပေါင်းပြီး နယ်မြေခံပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ နှစ်စဉ်ဖျက်ဆီး လျက်ရှိရာ ယခုနှစ်တွင်လည်း ယခင်ကထက် တိုးမြှင့်ဖျက်ဆီးနိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

     ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်(မဲနယ်တောင်တန်းနှင့် ပွန်ချောင်းကြားဒေသ)တွင် ကျေးရွာ ၆၅ ရွာ၊ ထိုင်းနိုင်ငံ ONCB နှင့် ပူးပေါင်း၍ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသတွင် ကျေးရွာ ၉၉ ရွာ၊ UNODC နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ကျေးရွာ ၇၅ ရွာတို့၌ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

    ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှုများ မရှိစေရေး နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအဆင့်အထိ ဖွဲ့စည်း ထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ကြပ်မတ်ကွပ်ကဲပေးရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို မိမိဆန္ဒအလျောက် ဆောင်ရွက် လျက်ရှိကြသည့် အဖွဲ့အစည်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် ကူညီပေးရမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာအဆင့်နှင့် ကျောင်းပြင်ပလူငယ်များ၊ လုပ်ငန်းခွင်အတွင်း ရောက်ရှိနေ ကြသည့် လူငယ်များအတွက် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ငယ်များ ဖွဲ့စည်းပြီး စည်းရုံး ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

     လက်ရှိကာလတွင် လူငယ်များအတွင်း စီးကရက်၊ E စီးကရက်နှင့် Vape အသုံးပြုမှုများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ Vape တွင်အသုံးပြုသည့် Etomidate သည် ကက်တမင်းနှင့် အကျိုးသက်ရောက်မှု အတူတူဖြစ်ပြီး အခြားမူးယစ်ဆေးဝါးများလည်း ရောနှောအသုံးပြုနိုင်၍ အချို့ နိုင်ငံများတွင် Vape နှင့် Etomidate သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကန့်သတ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီး ဌာနတို့ ညှိနှိုင်းပေါင်းစပ်ပြီး စိစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ်လုပ်မှု၊ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုနှင့် အလွဲသုံးမှုများကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ်ဓာတု ပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် အခြားဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာတွင် အစားထိုးအသုံးပြုနိုင်သော ဓာတုပစ္စည်းမျိုးကွဲများ၊ ကြားခံဓာတုပစ္စည်းများကို ပြဋ္ဌာန်း ဥပဒေများမှ ရှောင်လွဲပြီး နည်းလမ်းမျိုးစုံအသုံးပြုကာ ချက်လုပ်လာသည့်အတွက် သေချာစွာ စိစစ် ကြပ်မတ်ရန်လိုကြောင်း၊ ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှုမှ မူးယစ်ဆေးဝါး ထုတ်လုပ်သူများ ထံသို့ မရောက်ရှိစေရေးအတွက် ဓာတုပစ္စည်းတင်သွင်းမှုကို ယခုထက်ပိုမိုပြီး စနစ်တကျ ထိန်းချုပ် ဆောင်ရွက်နိုင်မည့် ဆိပ်ကမ်းတစ်ခုတည်းမှသာ ဝင်၊ ထွက်ခွင့်ပြုသည့်စနစ်တစ်ခု (Single Port Entry) ထူထောင်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း။

     မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ရန်ကုန်မြို့အခြေစိုက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNODC၊ AFP၊ DEA၊ NNCC၊ ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

      မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူးယစ်ဆေးဝါးတားဆီးကာကွယ် ရေးလုပ်ငန်းများတွင် အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်လွှတ်ဆောင်ရွက်ခဲ့ကြသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိတ်ဖက် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် သတင်းပေးသူများအား ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိပြီး နိုင်ငံတော်မှလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးရမိမှုတွင် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဆုကြေးငွေချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ာင်း၊့်ပေးလျက်ရှိပါို ိုးမှု

     ထို့နောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ တင်ပြခြင်း၊ တက်ရောက်လာသူများမှ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်ချက်၊ အကြံပြုချက်များအား တင်ပြဆောင်ရွက်ပြီး မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download