မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်
မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / October 11, 2025
နေပြည်တော် အောက်တိုဘာ ၁၀
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၄/၂၀၂၅) ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မှစ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ/မပါ၊ အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအတည်ပြုလူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှု မရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းဖြစ်ပါကြောင်း၊ ယင်းတို့ကို ရွေးကောက်ပွဲနည်းဥပဒေပါ သတ်မှတ်ပုံစံများဖြည့်စွက်၍ မဲစာရင်းတွင် ပါရှိစေရေး၊ အချက်အလက်ကွဲလွဲမှု မရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် မိမိတို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားကြပ်မတ် စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်မီ ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှု၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများအပေါ် အောက်ခြေမြို့နယ်အဆင့်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှစ၍ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုပြီး အဆင့်ဆင့် ကြပ်မတ်ကြီးကြပ် စိစစ်အတည်ပြုပြီး လက်ရှိ အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းအား ဗဟိုကော်မတီသို့ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန်နှင့် ဗဟိုကော်မတီမှ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဒုတိယအကြိမ် မဲစာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ အတည်ပြုလူဦးရေစာရင်းအား သတ်မှတ်ကာလအတွင်း စိစစ်အတည်ပြု ပေးပို့ဆောင်ရွက်မည့်အခြေအနေနှင့် ပန်းခင်းစီမံချက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဌာနအလိုက် ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3376 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
