မြန်မာနိုင်ငံသည် ဘင်္ဂါလီများဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုကို အစိုးရ သို့မဟုတ် တပ်မတော်က ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် ဘင်္ဂါလီများကို မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ၏ လျှောက်လဲမှုကို မြန်မာ၏ရှေ့နေ Mr. Stefan Talmon ၏ တုံ့ပြန်ချေပချက်
မြန်မာနိုင်ငံသည် ဘင်္ဂါလီများဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုကို အစိုးရ သို့မဟုတ် တပ်မတော်က ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် ဘင်္ဂါလီများကို မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ၏ လျှောက်လဲမှုကို မြန်မာ၏ရှေ့နေ Mr. Stefan Talmon ၏ တုံ့ပြန်ချေပချက်
Ministry of Information/ Naypyitaw / January 21, 2026
ဂမ်ဘီယာက မြန်မာတပ်မတော်သားများ၏ ပြောဆိုချက်များသည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်းပြသသည့် သင်္ကေတဖြစ်ကြောင်းကို တပ်မတော်သားများက အွန်လိုင်းတွင် တင်သည့် ပို့စ် ၇ ခုကို ဖော်ညွှန်း၍ စွပ်စွဲထားကြောင်း၊ ယင်း ပို့စ် ၇ ခုကို အမုန်းစကားဟု သတ်မှတ်၍မရကြောင်း၊ ယင်းပို့စ် ၇ ခုအနက် Reuters သတင်းဌာနမှ ကိုးကားအသုံးပြုထားသည့် စွပ်စွဲချက်များတွင် “စစ်သား” ဟူသည့် အသုံးအနှုန်းပင် ပါဝင်ခြင်းမရှိကြောင်း၊ အခြားပို့စ်တစ်ခုကို သတင်းဌာနတွင် ဖော်ပြထားခြင်းပင်မရှိကြောင်း၊ အခြားပို့စ်တစ်ခုမှာ ဘင်္ဂါလီများ ရဲစခန်းကို တိုက်ခိုက်သည့်ဖြစ်စဉ်ကို ဖော်ပြသည့် သတင်းဆောင်းပါးဖြစ်ကြောင်း၊ သို့ဖြစ်ရာ တပ်မတော်သားများနှင့် သက်ဆိုင်သည်ဟု ဆို၍မရကြောင်း။
အခြားစွပ်စွဲချက်များအတွက် မြန်မာနိုင်ငံ၏ အချေလွှာကို ကိုးကားသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရသည့်အကြောင်းအရင်းမှာ ဂမ်ဘီယာက တင်သွင်းသည့် စွပ်စွဲချက်များကို အသေးစိတ်လေ့လာရန်လိုအပ်ကြောင်း၊ အချို့သောအချက်များမှာ တစ်ဆင့်ခံရရှိသည့် အချက်အလက်များ၊ အစီရင်ခံစာများနှင့် သတင်းဆောင်းပါးများဖြစ်နေကြောင်း၊ အဆိုပါအချက်အလက်များမှာ သက်သေတန်ဖိုးမရှိကြောင်း။
ဂမ်ဘီယာ၏ အမုန်းစကားစွပ်စွဲချက်များမှာ လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်နှင့် ဆက်စပ်မှုမရှိဟု မြန်မာကရှင်းလင်းတင်ပြလိုကြောင်း၊ ဂမ်ဘီယာက ဘင်္ဂါလီများအပေါ် အမုန်းစကားဖြန့်ချိသည်ဟု စွပ်စွဲချက် ၇ ချက်နှင့် တပ်မတော်သားများ၏ ပြောဆိုချက်များကိုကိုးကား၍ ယင်းတို့မှာ လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု စွပ်စွဲခဲ့ကြောင်း၊ ယင်းအချက်အလက်များကို လေ့လာရာတွင် ပထမအချက်အနေဖြင့် စွပ်စွဲချက်များသည် ရည်ရွယ်ချက်ရှိရှိ စနစ်တကျဆောင်ရွက်ခြင်း(pattern of conduct) ရှိသည်ဟု ဆို၍ မရပါကြောင်း၊ ယင်းသို့စွပ်စွဲနိုင်ရန် အမုန်းစကားဖြန့်ချိမှုကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ပြစ်မှုကျူးလွန်မှုနှင့် ရည်ရွယ်ချက်မှာ ချိတ်ဆက်နေရမည်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် တစ်ဦးတစ်ယောက်က ဆောင်ရွက်ခြင်း သို့မဟုတ် အစုအဖွဲ့ဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စီးစေလိုသည့် စိတ်ဆန္ဒရှိရန် လိုအပ်ကြောင်း။
အမုန်းစကားဟုဆိုသည့် ပြောဆိုဖော်ပြချက်များသည် လူမျိုးသုဉ်းစေမည့် ရည်ရွယ်ချက်ကို ထင်ဟပ်စေရန် လိုအပ်ကြောင်း၊ အမုန်းစကားဟုဆိုသည့်တိုင် ဂမ်ဘီယာအနေဖြင့် အဆိုပါအမုန်းစကားသည် လူမျိုးသုဉ်းစေမည့် ရည်ရွယ်ချက်ကို ထင်ဟပ်စေရန် ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဂမ်ဘီယာ၏ စွပ်စွဲချက်များမှာ မှားယွင်းမှုများရှိနေကြောင်း၊ အမုန်းစကားကို သမားရိုးကျပြုလုပ်လေ့ရှိသည့် အမုန်းစကားနှင့် လူမျိုးရေးခွဲခြားရန် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပေါ်စေရန်နှင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်မှုရှိရန် လိုအပ်ကြောင်း၊ လူမျိုးသုဉ်းစေရန် လှုံ့ဆော်သည်ဆိုပါက ရည်ရွယ်ချက်ရှိသည်ကို ပြသနိုင်ရမည်ဖြစ်ကြောင်း၊ အမုန်းစကားဟုဆိုတိုင်း လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိသည်ဟု မဆိုနိုင်ကြောင်း။
ဂမ်ဘီယာ ကိုးကားထားသော အမုန်းစကားဟု ဆိုသည်များ၏ အနက်အဓိပ္ပာယ်များ မှန်ကန်မှုမရှိကြောင်း၊ ဂမ်ဘီယာက လိုရာဆွဲပြောမှုများကို မှန်ကန်သည်ဟု မဆိုနိုင်ကြောင်း၊ ဥပမာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက်များကို လိုရာပုံသွင်း၍ အနက်အဓိပ္ပာယ်ဖော်သည်ကို တွေ့ရှိရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက အပြုသဘောနှင့် ပြောကြားချက်များကို ဘင်္ဂါလီများအား လူမျိုးသုဉ်းစေရန် ရည်ရွယ်၍ လှုံ့ဆော်သည့်အသွင် ဖန်တီးထားသည်ကို တွေ့ရကြောင်း။
ပြောဆိုရေးသားချက်များသည် မြန်မာနိုင်ငံပတ်သက်မှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် အမုန်းစကားအချို့သည် လူမျိုးသုဉ်းစေလိုသော ရည်ရွယ်ချက်ရှိကြောင်း ပြသနိုင်သည့်တိုင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းရှိ/မရှိ ကိုသက်သေပြနိုင်ရမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံ၏တပ်မတော်က ဆောင်ရွက်ချက်များသည် နိုင်ငံနှင့်ဆိုင်သည်ဟု ဆိုနိုင်သော်လည်း ယခုကိစ္စရပ်တွင် အမုန်းစကားကို တပ်မတော်နှင့်ချိတ်ဆက်၍ မရနိုင်ကြောင်း၊ မြန်မာကလည်း မဟုတ်ကြောင်းကို ငြင်းဆိုထားပြီးဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ပတ်သက်ဆက်နွယ်မှု ရှိ/မရှိကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခု၏ နိုင်ငံရေးပါတီ၊ အမျိုးသားရေးအတိုက်ခံ အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးများ၏ ပြောဆိုရေးသားချက်များကို ဥပဒေကြောင်းအရ နိုင်ငံနှင့် ချိတ်ဆက်၍မရနိုင်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်း၏ ပြောဆိုရေးသားချက်များသည် နိုင်ငံနှင့်ချိတ်ဆက်နေသည့်တိုင် နိုင်ငံကလူမျိုးသုဉ်းစေလိုသည့် ဆန္ဒမရှိပါက နိုင်ငံတော်ကို တာဝန်ရှိသည်ဟု ဆို၍မရကြောင်း၊
အချုပ်အားဖြင့်ဆိုသော် ဂမ်ဘီယာက စွပ်စွဲသကဲ့သို့ အမုန်းစကားနှင့် မြန်မာက လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိသည် ဆက်စပ်သည်ဟုမဆိုနိုင်ကြောင်း၊ စနစ်တကျရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ဟု ကောက်ချက်ချနိုင်မှသာ လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု ဆိုနိုင်ကြောင်း၊ အမုန်းစကား၊ အမုန်းစကားကို ခွင့်ပြုထားသည့် နိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိသည်ဟု ဆို၍မရကြောင်း။
ဂမ်ဘီယာက စွပ်စွဲသကဲ့သို့ “ရိုဟင်ဂျာများကို ဆန့်ကျင်သည့် အမုန်းစကား” သည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်နှင့် ချိတ်ဆက်လိုပါက အဆိုပါအမုန်းစကားများကို ပြောဆိုဖော်ပြသူများသည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်းကို သက်သေပြနိုင်ရမည်ဖြစ်ကြောင်း၊ သို့သော် ဂမ်ဘီယာအနေဖြင့် ယင်းသို့ ပြသနိုင်ခြင်းမရှိကြောင်း၊
“ရိုဟင်ဂျာများကို ဆန့်ကျင်သည့် အမုန်းစကား” သည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်နှင့် ချိတ်ဆက်၍ရသည့်တိုင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းရှိ/မရှိ သက်သေထူ နိုင်ရမည်ဖြစ်သော်လည်း ဂမ်ဘီယာအနေဖြင့် ယင်းသို့ပြသနိုင်ခြင်းမရှိကြောင်း။
အမုန်းစကား ပြောဆိုဖော်ပြသူများသည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိပြီး မြန်မာနိုင်ငံနှင့်သက်ဆိုင်မှုရှိနေသည့်တိုင် လူနည်းစုက လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိသည့်အတွက်ကြောင့် နိုင်ငံတော်ကလူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု မဆိုနိုင်ကြောင်း လျှောက်လဲခဲ့ပါသည်။
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
