ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော် ရရှိရန် မျှော်မှန်းထား
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော် ရရှိရန် မျှော်မှန်းထား
Ministry of Information/ Naypyitaw / August 13, 2024

ရန်ကုန် ဩဂုတ် ၁၂
ပြည်ပသို့ နှစ်စဉ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခွဲခန့်အထိ တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လက်ရှိကာလဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်ပ တင်ပို့မှုကလည်း တစ်နှစ်မှာ ဆန်တန်ချိန်နှစ်သန်းလောက် target ထားပြီးလုပ်ပါတယ်။ နှစ်သန်း၊ နှစ်သန်းခွဲပေါ့။ မနှစ်ကတော့ ပြည်ပတင်ပို့မှုက အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ဝင်ငွေရရှိတယ်၊ ဒီနှစ်တော့ သန်း ၁၀၀၀ ကျော်လောက်မှန်းထားတယ်။ သန်း ၇၀၀ ၊ ၈၀၀ ကတော့ လွယ်လွယ်ကူကူနဲ့ ရနိုင်ပါတယ်။ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကတော့ လစဉ်တန်ချိန် နှစ်သိန်းလောက် ရည်မှန်းချက်ထားပြီးလုပ်တယ်။ အခုမိုးတွင်း ကာလမှာတော့ လစဉ်တန်ချိန် တစ်သိန်း၊ တစ်သိန်းခွဲလောက်တင်နိုင်တယ်။ ပွင့်လင်းရာသီမှာတော့ တန်ချိန်နှစ်သိန်း၊ နှစ်သိန်းခွဲလောက် တင်ပို့နိုင်အောင် စီစဉ်နေပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
ယင်းအပြင် နိုင်ငံတကာမှ ဝယ်လိုအားအနေဖြင့် ဥရောပနိုင်ငံများက အများဆုံးဝယ်ယူနေကြောင်းလည်း ၎င်းထံက သိရသည်။
“နိုင်ငံတကာ ဝယ်လိုအားလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံကဆန်ကို ဥရောပနိုင်ငံတွေက အများဆုံးဝယ်ပါတယ်။ ဥရောပနိုင်ငံတွေက ဆန်ရော၊ ဆန်ကွဲရောဝယ်တယ်။ တရုတ်နိုင်ငံကလည်း ဝယ်ပါတယ်။ နောက်အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့လည်း ဝယ်ပါတယ်။ ဒါကြောင့် မို့ ဆန်ပြည်ပတင်ပို့နိုင်တဲ့ အနေအထားရှိပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် ၁၁၁၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ၁၆၂၃၂၅၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ သန်းရှိခဲ့ပြီး ဧပြီလမှ ဇူလိုင်လအထိ လေးလတာအတွင်း ဆန်နှင့် ဆန်ကွဲ ၅၁၀၉၁၁ ဒသမ ၆ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၆ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ စာရင်းများအရ သိရသည်။
MT
Newspaper - 3194 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download