ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည် ပစ္စည်းများနှင့် ငွေကျပ် သိန်း ၁,၀၃၀ အား သေနတ်ဖြင့် ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / December 11, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၁,၀၃၀ အား သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မြကန်သာအိမ်ရာနေ ဦးစိုးဌေး(၆၀)နှစ်သည် “ရွှေဇင်” အာမခံ ရွှေဆိုင်၌ ရောင်းချမည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၁,၀၃၀ တို့အား BGO-27/4S-XXXX FAW TOYOTA BZ4X အဖြူရောင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာပြီး ရွှေဆိုင်ရှေ့အရောက်၌ ကားပေါ်မှ ဆိုင်အတွင်း ရွှေ့ပြောင်းရန်ပြုလုပ်နေစဉ် အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးဌေးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တင်ဆောင်လာသည့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၉၁ ခု (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄,၂၅၀ ခန့်နှင့် ငွေကျပ် သိန်း ၁,၀၃၀)တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လသာမြို့မရဲစခန်း ()အမှတ် ၅၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။

     ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်တွင် တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူများ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေး တိမ်းရှောင်စဉ် ရန်ကုန်ဆေးရုံကြီးဝင်း၊ လျှပ်စစ်ရုံးဟောင်း အဆောက်အအုံဘေး၌ ကျန်ခဲ့သည့် ခရီးဆောင်အိတ် တစ်လုံးအတွင်းမှ ရွှေသားဆွဲသီးမျိုးစုံ ၅၃ ခု၊ ကျောက်ပါရွှေဆွဲသီး ၂၆ ခု၊ ရွှေသားလက်စွပ် လေးကွင်း၊ ကျောက်ပါရွှေလက်စွပ် လေးကွင်း၊ ကျောက်ပါရွှေနားကပ် နှစ်ရံ၊ အလေးချိန် ၁၁ ကျပ် ၇ ပဲ ၇ ရွေး (ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁,၀၀၀ ခန့်) ထည့်ထားသည့် အနီရောင် ကတ္တီပါဘူး အကြီး နှစ်ခု၊ အရိုး၊ အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ဓားမြှောင် တစ်ချောင်း၊ အင်္ကျီလက်ရှည် သုံးထည်၊ ဘောင်းဘီအရှည် နှစ်ထည်၊ ဦးထုပ် နှစ်လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြစ်မှုကျူးလွန် သူများ အသုံးပြုခဲ့သည့် ဆိုင်ကယ် တစ်စီးနှင့် ရွှေထည်ပစ္စည်းများထည့်သည့် အနီရောင်ကတ္တီပါ ဘူးခွံ သုံးခုတို့အား ထပ်မံ သိမ်းဆည်းရရှိခဲ့ပါသည်။

     ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ ရွှေအုတ်ဂူလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ “အောင်ဘရားသား” လက်ဖက်ရည် ဆိုင်ပိုင်ရှင် အောင်ဇင်ကို(၃၀)နှစ်နှင့် လက်ဖက်ရည်အဖျော်ဆရာ စိုးကို(၂၉)နှစ်တို့အား ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အဆိုပါလက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့ပါသည်။

  ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အခင်းဖြစ်နေ့က “ရွှေဇင်” အာမခံ ရွှေဆိုင်သို့ ရွှေထည်ပစ္စည်းများ လာရောက်ပို့ဆောင်သည့် မော်တော်ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်း များနှင့် ငွေများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန် ပြီးနောက် အောင်ဇင်ကိုမှ စိုးကိုအား ငွေကျပ် သိန်း ၁၀ ပေးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြု ခဲ့သည့် သေနတ်၊ ရွှေထည်ပစ္စည်းအချို့နှင့် ငွေစက္ကူအချို့တို့အား အောင်ဇင်ကိုမှ ၎င်း၏ ယောက္ခမ ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၂)ရပ်ကွက်၊ ရတနာ (၂)လမ်း၊ အမှတ်(၂၇၆)နေ ဦးသန်းထွန်း (၅၇)နှစ်၏ နေအိမ်၌ လည်းကောင်း၊ ငွေကျပ် သိန်း ၂၇၀ အား အောင်ဇင်ကို၏ဇနီး ဒေါ်သင်းမိုးကြူ(၃၀)နှစ်ထံတွင် လည်းကောင်း အပ်နှံသိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ဦးသန်းထွန်းအား ၎င်း၏နေအိမ်အပေါ်ထပ် မျက်နှာကြက်အတွင်း သိမ်းဆည်းထားသည့် လက်လုပ် ပစ္စတိုသေနတ် တစ်လက်နှင့် ၎င်းကျည် ငါးတောင့် ထည့်ထားသော ဘေးလွယ်အိတ် တစ်လုံး၊ လက်စွပ်မျိုးစုံ ၁၈၀ ကွင်း၊ နားကပ်မျိုးစုံ ၅၈ ရံတို့ ထည့်ထားသည့် ကျောပိုးအိတ် တစ်လုံး၊ ငွေကျပ် သိန်း ၁၅၀ ထည့်ထားသည့် ကြွပ်ကြွပ်အိတ် တစ်လုံးတို့ဖြင့် လည်းကောင်း၊ ဒေါ်သင်းမိုးကြူအား ၎င်း၏နေအိမ်မှ ငွေကျပ် သိန်း ၂၇၀ ဖြင့် လည်းကောင်း အသီးသီး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ပါသည်။

    ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံ အောင်ဇင်ကို၊ စိုးကိုနှင့် လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့သည့်ပစ္စည်းများအား လက်ခံထားရှိခဲ့သူများဖြစ်သည့် သန်းထွန်း၊ သင်းမိုးကြူတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး၊ သိမ်းဆည်းရန်ကျန် သက်သေခံ ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download