ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၅) ကျင်းပ
ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၅) ကျင်းပ
Ministry of Information/ Naypyitaw / July 08, 2025
နေပြည်တော် ဇူလိုင် ၇
ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်တရားရုံး၌ In Person / Virtual စနစ်ဖြင့် ကျင်းပသည်။
သင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/ CFT) ဆိုင်ရာ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍကို ပို့ချဆွေးနွေးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML/ CFT ဆိုင်ရာဆောင်ရွက်ချက်များ၊ သတင်းပို့အဖွဲ့အစည်းများ၏ သတင်းပေးပို့ရန်တာဝန်ရှိမှုများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်၊၊
အသိပညာပေးသင်တန်းသို့ (၁၄)ကြိမ်မြောက် In Person/ Virtual ဖြင့် ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်လက်ခံရယူမည့် အထက်တန်းရှေ့နေ ၅၀ တို့က In Person ဖြင့် လည်းကောင်း၊ ၁၆၄ ဦးတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် AML/ CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို နှစ်စဉ်လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှေ့နေရှေ့ရပ်များအတွက် AML/ CFT အသိပညာမြှင့်တင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
