အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
Ministry of Information/ Naypyitaw / May 24, 2026
မြန်မာနိုင်ငံတွင် နိုင်ငံရေးကိုအကြောင်းပြု၍ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားရေး စသည့်ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။ အကြမ်းဖက်မှုဟူသည် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်ခြင်းဖြစ်သည့်အပြင် လက်နက်အားကိုးဖြင့် မသမာမှု၊ ဒုစရိုက်မှုအမျိုးမျိုးကျူးလွန်မှုများလည်းပါဝင်သည်။ လက်နက်ကိုင်လမ်းစဉ်ဟူသည် တော်လှန်ရေးဟုခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေခြင်းသာဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ကို ဆန့်ကျင်သူများကိုသာမက မထောက်ခံသူများ၊ အေးချမ်းစွာနေထိုင်လိုသူများကိုပါ ရန်သူအဖြစ်သတ်မှတ်ပြီး လုပ်ကြံစွပ်စွဲသတ်ဖြတ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြုစုထားသောစာရင်းများအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း၌ အဆောက်အအုံနှင့်ပစ္စည်းများ စုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ရဟန်းသံဃာ၊ သီလရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး စသည့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ တစ်သောင်းခန့် အသက်ဆုံးရှုံးခဲ့ကာ ပြည်သူတစ်သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အကြမ်းဖက်မှုများအပါအဝင် လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့်လူကုန်ကူးမှုတို့သည်လည်း တစ်ခုနှင့်တစ်ခု ဆက်စပ်ပါဝင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာနှင့်ဒေသတွင်း ဖြစ်စဉ်များအရ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ စစ်ရေးစရိတ်နှင့် လက်နက်ဝယ်ယူရန် ငွေကြေးရရှိရေးတို့အပါအဝင် တရားမဝင်လမ်းကြောင်းများမှ ရန်ပုံငွေရှာဖွေရေးတို့ကို ပြုလုပ်ကြသည်။ ထို့အပြင် သယံဇာတအရင်းအမြစ်များကို ခိုးယူ ရောင်းချခြင်းနှင့် ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်းတို့လည်း ပါဝင်သည်။ အထူးသဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် လူကုန်ကူးမှုမှရရှိသော ငွေကြေးများကို နည်းလမ်းမျိုးစုံဖြင့် ခြေရာဖျောက်ခဝါချပြီး အဆိုပါငွေကြေးများကို အကြမ်းဖက်လုပ်ငန်းများတွင် ပြန်လည်အသုံးပြုလျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အညွှန်းကိန်း အစီရင်ခံစာအရ အကြမ်းဖက်မှု ပုံသဏ္ဌာန်သည် သမားရိုးကျနည်းလမ်းများမှ နည်းပညာမြင့်မားသည့် Hybrid ပုံစံ သို့ကူးပြောင်းလာသည်။ ကမ္ဘာတစ်ဝန်းရှိ Non-State Actor များသည် Drone နည်းပညာနှင့်ပစ္စည်းများအား ပိုမိုအသုံးချလာကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ တွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် Drone နည်းပညာဖြင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် ဆိုက်ဘာနယ်ပယ်ကိုအသုံးပြု၍ ဝါဒဖြန့်လုပ်ငန်းများ၊ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာကြသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆိုက်ဘာနယ်ပယ်နှင့် ငွေကြေးစီးဆင်းမှုသည် အဓိကအချက်ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကို တားဆီးတိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်များ အပါအဝင် နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် သတင်းအချက် အလက်များမျှဝေခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု၏ မူလဇာစ်မြစ်ကိုဖြေရှင်းရန် အတူတကွလုပ်ဆောင်ခြင်းတို့ ပါဝင်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများအား ချေမှုန်းရှင်းလင်းလျက်ရှိပြီး နေရပ်စွန့်ခွာခဲ့ရသည့်ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် နေရပ်တွင်ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်ရေး ယန္တရားများလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာပက်စက်စွာ မိုင်းထောင်ဖျက်ဆီးမှုများကို ရှင်းလင်းပေးရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် အများပြည်သူပိုင်အဆောက်အအုံများ ပြန်လည်ထူထောင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသအသီးသီးတွင် အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်များမထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဖိတ်ခေါ်လျက်ရှိသလို တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများလုံခြုံစိတ်ချစွာနေထိုင်နိုင်ရေး နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည့် အကြမ်းဖက်သမားများချုပ်ငြိမ်းရေးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိပါကြောင်း။ ။
Newspaper - 3535 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
