အမျိုးသားလူ့အခွင့်အရေးကော်မရှင် မန္တလေး (ရုံးခွဲ) အသေးစားထိခိုက်ပျက်စီးမှုပြင်ဆင်
အမျိုးသားလူ့အခွင့်အရေးကော်မရှင် မန္တလေး (ရုံးခွဲ) အသေးစားထိခိုက်ပျက်စီးမှုပြင်ဆင်
Ministry of Information/ Naypyitaw / May 14, 2025

နေပြည်တော် မေ ၁၃
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်သည် ယနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မန္တလေး(ရုံးခွဲ)သို့ ရောက်ရှိပြီး မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေး(ရုံးခွဲ) ရုံးအဆောက်အအုံ ပြင်ဆင်ရန်ကိစ္စနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ရုံးမန္တလေး(ရုံးခွဲ) တာဝန်ခံက ရုံးအဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ဆယ်တင်ပစ္စည်းအခြေအနေနှင့် ကော်မရှင်ရုံးခွဲလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ကော်မရှင်အဖွဲ့ဝင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည့် အင်ဂျင်နီယာပညာရှင်များ ဦးဆောင်သောအဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ Main Structure ဖြစ်သော Column နှင့် Beam များ ထိခိုက်ပျက်စီးမှုမရှိဘဲ နံရံအချို့တွင် အသေးစားထိခိုက်မှုသာရှိကြောင်း၊ တွေ့ရှိရမှုကို အပြာရောင်အဆင့်သတ်မှတ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်ကြားစာပေးပို့ထားပြီးဖြစ်သဖြင့် အဆိုပါ အသေးစားထိခိုက်ပျက်စီးမှုကို ခွင့်ပြုအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းစရိတ်ဖြင့် အမြန်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ရုံးခွဲရှိဝန်ထမ်းများအား ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3198 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
