အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / October 11, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပထဝီနိုင်ငံရေး (Geopolitics)နှင့် ပထဝီစီးပွားရေး (Geoeconomics) ကဏ္ဍများတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှုသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံကို ရိုက်ခတ်မှုရှိကြောင်း၊ အာဆီယံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အခွန်စည်းကြပ်မှုအစီအမံကဲ့သို့ ပထဝီစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ရန် စုပေါင်းလုပ်ငန်းစဉ်အနေဖြင့် Geoeconomics Task Force (AGTF)ကို ဖွဲ့စည်းပြီး အကြံပြုချက်များ ရေးသားပြုစုလျက်ရှိကြောင်း၊ အာဆီယံအနေဖြင့် စည်းမျဉ်းကိုအခြေခံသော ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံကြောင်းပြသရန် ဝန်ကြီးအဆင့် အထူးအစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြောင်း။

လုပ်ငန်းစဉ်ပေါင်း ၃၈၀၀ ကျော်ထိ တိုးမြင့်လာ

အေအီးစီ ၂၀၂၅(၂၀၁၆ - ၂၀၂၅)ကို ၂၀၁၆ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ အကောင်အထည်ဖော်မှုစတင်စဉ်က အေအီးစီလုပ်ငန်းစဉ်များသည် ၁၇၀၀ ကျော်သာရှိသော်လည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ကိုဗစ်ကဲ့သို့ မမျှော်မှန်းနိုင်သောကိစ္စရပ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေးကဲ့သို့ အသစ်နှင့်ပေါ်ထွန်းဆဲကိစ္စရပ်များကို ထည့်သွင်းစဉ်းစားလာသည့်အတွက် လုပ်ငန်းစဉ်ပေါင်း ၃၈၀၀ ကျော်ထိ တိုးမြင့်လာကြောင်း၊ လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များ၏ ၇၅ ရာခိုင်နှုန်းကျော်ကို အကောင်အထည်ဖော်ပြီးကြောင်းနှင့် ယခုနှစ်အကုန်တွင် ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ ကျန်ရှိနေသော လုပ်ငန်းစဉ်များကို ၂၀၂၅ အလွန်တွင် ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း။

ဝိုင်းဝန်းပံ့ပိုးစေလို

အာဆီယံအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အနာဂတ်ရည်မှန်းချက်အတွက် နောင်နှစ် ၂၀ အထိ မျှော်မှန်း၍ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အာဆီယံစီးပွားရေးမဏ္ဍိုင်သည် အာဆီယံမျှော်မှန်းချက် ၂၀၄၅ ၏ နှစ် ၂၀ Time Frame အောက်တွင် ငါးနှစ်တာလုပ်ငန်းအစီအစဉ်လေးခုကို ရေးဆွဲချမှတ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အေအီးစီ မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆-၂၀၃၀)ကို (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အလွန်တွင် ဆောင်ရွက်မည့် အေအီးစီ လုပ်ငန်းစဉ်များကို Stakeholder များအားလုံး မျှဝေဆွေးနွေးရန်ရှိကြောင်းနှင့် ယင်းအစီအစဉ်အတွက် ဘာသာရပ်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်းပံ့ပိုးစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာ မာလာမျိုးညွန့်က (၅၇)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဆိုင်ရာ ဆွေးနွေးချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ကော်မတီအလိုက် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခု ဖွဲ့စည်း

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါလုပ်ငန်းကော်မတီဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီးနှင့်အမြဲတမ်းအတွင်းဝန်များကလည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဘာသာရပ်ဆိုင်ရာဌာနများကလည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3372 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download