ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / July 22, 2025
ပုသိမ် ဇူလိုင် ၂၁
ဧရာတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး အတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း၊ တလိုင်းချောင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက် ထားရှိမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားသို့ သွားရောက်၍ ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် လက်ရှိရောက်ရှိနေသည့် မြစ်ရေအမှတ်များ၊ စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်မည့်အခြေအနေများကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ကုလားတန်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက် ထားရှိမှု၊ ဗိုလ်ဘဌေးလမ်းရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု၊ ဘူတာရုံလမ်းဘေးဝဲယာ၌ ဘဲစားမြက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး ချောင်းများ၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊ အမှိုက်ပိတ်ဆို့မှုမရှိရေးအတွက် အမှိုက်များ နေ့စဉ်ဆယ်ယူ ရှင်းလင်းရေး၊ လမ်းမကြီးများပေါ်တွင် ရေဝပ်မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံသို့ ရောက်ရှိ၍ ကန်သုံးဆင့်ပန်းခြံသာယာလှပရေးဆောင်ရွက်ထားရှိမှုများ၊ ကန်သုံးဆင့်ရေပြင်တွင် လက်ရှိရောက်ရှိနေသည့်ရေအမှတ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေလွတ်နေရာတွင် ပန်းခြံဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ ခြုံနွယ်များမရှိစေရေးအတွက် ရှင်းလင်း ဆောင်ရွက်ရေး၊ မြက်ခင်းများစိုက်ပျိုးရန်နှင့် ရာသီအလိုက်ဖူးပွင့်ဝေစာသည့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးရေး၊ ကန်ပတ်လမ်းတစ်လျောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။
Newspaper - 3232 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။
