ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၂/၂၀၂၅) ပြုလုပ်


Ayeyarwaddy Region Government/ ပုသိမ် / July 22, 2025


ပုသိမ်        ဇူလိုင်         ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အစည်းအဝေး (၂/၂၀၂၅)ကိုပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊  ဧရာဝတီ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ က Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံတော်အနေဖြင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများတွင် ပြည်သူများနစ်နာမှုမရှိစေရေးနှင့် မြေသိမ်းမှုပြဿနာများ အလျင်အမြန်ဖြေရှင်းပေးနိုင်ရေးအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ကော်မတီဝင်(၁၃)ဦးဖြင့် ဖွဲ့စည်း ခဲ့ပြီး ဗဟိုကော်မတီမှ လုပ်ငန်းတာဝန်(၉)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား ကော်မတီဝင်(၉)ဦးဖြင့် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်(၁၁)ရပ်ဖြင့် တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး အတွက် မြေသိမ်းဆည်းမှု ပြဿနာများကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုမြေစစ်အစည်းအဝေး(၂/၂၀၂၅)တွင် အမှုတွဲ(၁၃)တွဲ ထပ်မံတင်ပြ ဆွေးနွေးမည် ဖြစ်ပြီး ရရှိလာသည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များနှင့်အတူ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားရမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ယခုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှုအခြေအနေများ၊ ယခင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှု အခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိသည်များ၊  အမှုပိတ်သိမ်းနိုင်မည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက အမှုတွဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်း တင်ပြခဲ့ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

Newspaper - 3232 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download