ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / July 22, 2025
ပုသိမ် ဇူလိုင် ၂၁
ဧရာတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်းတွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြခရိုင်အမျိုးသားဖူဆယ်အသင်းနှင့် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၎င်းပွဲစဉ်တွင် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းက မြောင်းမြခရိုင်အမျိုးသားဖူဆယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းနောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားများကွင်းအတွင်း နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်အမျိုးသားဖူဆယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို Happy ဖူဆယ်အားကစားကွင်းမှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ ပထမဆုရရှိသည့် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်းချီးမြှင့် ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု ရရှိသူများနှင့် ပထမဆုရရှိသည့် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းတို့အား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
Newspaper - 3232 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။
