PDF အမည်ခံအကြမ်းဖက်သမားများက တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်၊ တောင်သာစွပ်ကျယ် စက်ရုံနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီး


Ministry of Information/ Naypyitaw / August 12, 2024
image_latest


နေပြည်တော် ဩဂုတ် ၁၂

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် Drop Bomb များကြဲချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား နှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ တောင်ဘက်မီတာ ၃၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် ယနေ့နေ့လယ်ပိုင်းတွင် တောင်သာမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ တောင်သာစွပ်ကျယ်စက်ရုံသို့ မော်တော်ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး စက်ရုံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီး၍ စက်ရုံအုပ်ချုပ်မှုရုံးနှင့် ရုံးပိုင်မော်တော်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက် စက်ရုံဝန်ထမ်းများပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၃ စီးအား ယူဆောင်၍ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စက်ရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် တောင်သာမြို့နယ်အတွင်း လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3472 items

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download