ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အ​ကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများ တီးတိန်၌​ တွေ့ဆုံပွဲပြုလုပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အ​ကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများ တီးတိန်၌​ တွေ့ဆုံပွဲပြုလုပ်


Ministry of Information/ ချင်းပြည်နယ် / August 03, 2020
image_latest


တီးတိန် သြဂုတ် ၃

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်းဒါလ်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီ တွင် တီးတိန်မြို့ ခွာဒိုခန်းမ၌ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးက အမှာစကားပြောကြားရာတွင် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ၏ဆန္ဒကို ဖော်ထုတ်သည့်​ ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ကြစေလို ကြောင်း၊ ပါတီ၊ လူပုဂ္ဂိုလ်ဘက်လိုက်မှုမရှိရန် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဘက်လိုက်မှုမရှိဘဲ ပြည်သူများ ရပိုင်ခွင့်များရရှိရေး ဆောင်ရွက်ကြရန်၊ ပါတီများ စည်းရုံးရေး ကွင်းဆင်း ရာတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့၏ လမ်းညွှန်ချက်အတိုင်း သွားလာရေးအခက်အခဲ ကြောင့် ပါတီများ စည်းရုံးရေး ကွင်းဆင်းခြင်းမ​​​ပြုနိုင်သည့် အခြေအနေမျိုး မဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ကြရန်၊ မိမိဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက် ပြည်သူများ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တွေ့ဆုံပွဲတက်ရောက်လာသူတို့က သိရှိလိုသောအကြောင်းအရာများ မေးမြန်းဆွေးနွေးကြရာ ဝန်ကြီးက ပြန်လည် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

HOT NEWS
January 4,