စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ဝက်လက်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ဝက်လက်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း


Sagaing Region Government/ Monywa / October 14, 2020


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဝက်လက်မြို့နယ် နှင့် ကနီမြို့နယ်တို့မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်အဖွဲ့က ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုဖြစ်သော ဟန်လင်းမြို့ဟောင်း တောင်ဘက်မြို့ရိုး အပြင်ဘက် တူးဖော်မှုကုန်းအမှတ်(၃)၊ အနောက် တောင်ဘက် ပေ(၁၃၀)ခန့်အကွာ ဒေါ်တင်မ အပိုင် ယာမြေ အား ဒေသခံလုပ်သားများမှ ယာမြေရှင်းလင်းရာမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ဖြစ်သော ပျူခေတ်ရွှေစေတီ ထီးတော်(၁)ဆူ၊ ရွှေခေါင်းလောင်း(၁)ခု၊ ငွေပစ္စယာ(၁)ခု၊ ငွေပစ္စယာ အောက်ခံပြား(၁)ခု၊ ငွေနန်းကြိုး အပိုင်းအစ(၃)ခု၊ ငွေအပိုင်းအစ(၂)ခုတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခြင်း အတွက် ချီးမြင့်ငွေကျပ် (၁၁၉၀၂၉၇ဝိ/-)(ကျပ်တစ်ရာတစ်ဆယ့်ကိုးသိန်းနှစ်ထောင့်ကိုးရာခုနှစ် ဆယ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲ(မြောက်)ရွာနေ ဒေသခံပြည်သူ(၆)ဦးက သံခေတ် သံလက်နက်(၂၁)ခု၊ ကျောက်ပုတီးစေ့(စိမ်းပြာ)(၂)စေ့၊ ကျောက်ပုတီးစေ့(အနက်ကြား)(၁)စေ့ တို့ကိုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခြင်းအတွက် ချီးမြင့်ငွေကျပ် (၉၉၇၄၇၉/-)(ကျပ်ကိုးသိန်းကိုးသောင်း ခုနှစ်ထောင့် လေးရာခုနှစ်ဆယ့်ကိုးတိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး ယခုကဲ့သို့ မိမိဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၍ ကာကွယ်ထိန်းသိမ်းကာ တာဝန်သိစိတ်ဖြင့် ဒေသခံများက နိုင်ငံတော်သို့ အပ်နှံခဲ့သဖြင့် နိုင်ငံ၏ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကွင်းဆက်များ တန်ဖိုးကြီးမားသည့်အပြင် ဒေသခံများ၏ အသိပညာ မြင့်မားစွာဖြင့် မိမိဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ ဒေသခံများနှင့် ဆုကြေးငွေ ချီးမြှင့်ပေးပါသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

​​​​​​​​​​​​​​

HOT NEWS
January 4,