စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပုလဲ-အထကရှိ ကူညီစောင့်ရှောက်မှုစခန်းအား ကြည့်ရှုစစ်ဆေး၍ အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပုလဲ-အထကရှိ ကူညီစောင့်ရှောက်မှုစခန်းအား ကြည့်ရှုစစ်ဆေး၍ အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း


Ministry of Information/ ​နေပြည်တော် / April 02, 2020
image_latest


ပုလဲ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်−၁၉ ရောဂါပြန့်ပွားမှု မရှိစေရေး ကူညီစောင့်ရှောက်မှုစခန်း၌ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား (၁၄)ရက်ထားရှိ၍ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် စေတနာ့ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံ များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မိသားစုက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၃၀၊ Mask ၁၅၀ခု၊ လက်အိတ် ၅၀၀၀ ခုနှင့် စပျစ်သီး (၂) ဖာကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က Mask၁၀၀ခုကို လည်းကောင်း၊ ၁၉၉၉-၂၀၀၀ ပညာသင် နှစ်ပုလဲ-အထကကျောင်းသား/ ကျောင်းသူဟောင်းများက ငွေကျပ်၄၅၅၀၀၀ကို လည်းကောင်းပေးအပ်ရာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့သည် နှောကန်ကျေးရွာအနီးပုလဲ -ဂန့်ဂေါ ကားလမ်းဘေးမြို့နယ် လမ်းဦးစီးဌာန ဧည့်ရိပ်သာဝန်းအတွင်း၌ ဖွင့်လှစ်ထားရှိသော ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးရေးအဖွဲ့(၂)၏ ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်တင် မော်‌တော်ယာဉ်များတွင် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးခြင်းနှင့်အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး Mask ၁၀၀ခုကို ပေးအပ်ခဲ့သည်။

အလားတူ ပုလဲမြို့၊ ပြည်သူ့ဆေးရုံသို့ ကွန်းခိုရာဖောင်ဒေးရှင်းက အပူချိန်တိုင်းကိရိယာ ၅ခု၊ Mask ၂၀၀၀ခုကိုလည်းကောင်း၊ ဒေါက်တာစိန်ဝင်းက အပူချိန်တိုင်းကိရိယာ ၁ ခုကို လည်းကောင်း၊ ပုလဲမြို့လူငယ်အဖွဲ့(၁)က N95Mask ၃၀ခု၊ လက်အိတ် ၅၀ခု၊ Mask ၁၀၀ခုနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း ပုလဲမြို့လူငယ်အဖွဲ့(၂)က N 95 Mask ၃၀ခု၊ Hand Gel ၁၀ဗူးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ကျော်မြင့်နှင့်ဝန်ထမ်းများက လက်ခံရယူခဲ့ပြီး ပုလဲမြို့၊ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်−၁၉  ရောဂါ ပြန့်ပွားမှု မရှိစေရေး ကူညီစောင့်ရှောက်မှုစခန်းသို့စိုးကြည်အောင်ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့် တင်ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် ၁ သိန်း၊ PPEဝတ်စုံ ၂၀စုံ၊ မျက်မှန် ၂၀လက်၊ N95 Mask ၂၀ခုကို လည်းကောင်း၊ ဦးနိုင်လင်း(မန္တလေးမြို့)က ငွေကျပ် ၁သိန်းကို လည်းကောင်း၊ ဦးမင်းမင်း(ရနောင်ကုမ္ပဏီ)က ငွေကျပ် ၃ သိန်းကို လည်းကောင်း၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငွေကျပ်၉၅၀၀၀တန်ဖိုးရှိ အပူချိန်တိုင်းကိရိယာ တစ်ခုကို လည်းကောင်း၊ ဦးကျော်ခဲ (မိဘမေတ္တာပန့်ဆိုင်၊ မြိုင်မြို့နယ်၊လင်းကတောကျေးရွာ)က PPEဝတ်စုံ ၅၀ထည်ကို လည်းကောင်း၊ ထင်ကမ္ဘာကျန်းမာရေးနှင့်လူမှု ကူညီရေးအသင်း၊ရွာထင်ကျေးရွာ၊ပုလဲမြို့နယ်က အပူချိန်တိုင်းကိရိယာ ၂ခု၊Mask ၃၀၀ခု၊ မျက်မှန် ၁၂လက်ကို လည်းကောင်း၊ တစ်ကိုယ်တော်ပရဟိတသမားများ ကွန်ရက်အဖွဲ့က PPEဝတ်စုံ ၁၀ထည်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ဒေါက်တာထွန်းလှိုင်+ဒေါ်ရီရီမြင့်(ထွန်းဆေးခန်း၊ပုလဲမြို့)က ငွေကျပ်၂သိန်းကို လည်းကောင်း၊ ဦးမြလေး+ဒေါ်ခင်စန်းနု (SVGကွန်ပျုတာလုပ်ငန်း၊ ပုလဲမြို့)က ငွေကျပ်၁သိန်း ကို လည်းကောင်း ဆရာတော်ဘဒ္ဒန္တဝါယမ(ဓမ္မာစရိယ)၊ နန်းဦးပညာဒါနဖောင်ဒေးရှင်း၊မုံရွာမြို့က N95 Mask ဝယ်ယူရန်အတွက် ငွေကျပ် ၂၅၀၀၀၀ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် အလှူငွေများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ဆက်သွယ် လှူဒါန်းလိုပါက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့်လုပ်ငန်းကော်မတီ၊ ပုလဲမြို့၊ ဖုန်း ၀၇၁-၃၅၀၀၃နှင့် ၀၉- ၉၆၃၇၀၀၀၁၃သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)

 

HOT NEWS
January 4,