တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်


Ministry of Information/ ​နေပြည်တော် / May 23, 2020
image_latest


နေပြည်တော် မေ ၂၂

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ လတ်တလောဖြစ်ပေါ်နေ သည့် အကြောင်းအရာများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ရှေးဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တစ်စောင်ကို မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့မှု၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများနှင့် ပလက်၀ဒေသတွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်၀ဒေသ၏ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တပ်မတော်မှ ဒေသခံပြည်သူများလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုချောမွေ့စေ ရေးနှင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများပို့ဆောင်ပေးခဲ့မှု၊ ထိုသို့ ပို့ဆောင်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် WFP မှ မော်တော် ယာဉ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့မှု။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်သားအားလုံး၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိငွေများဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများကို တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံသို့ လှူဒါန်းလျက်ရှိသည့် အခြေ အနေ၊ ဒေသခံပြည်သူများအပြင် UWSA (၀)အဖွဲ့နှင့် KIO/KIA အဖွဲ့များအား သွားရောက်ပေးပို့ လှူဒါန်းခဲ့သည့် အခြေအနေနှင့် ကျန်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများထံသို့လည်း ဆက်လက်ထောက်ပံ့ ပို့ဆောင်လှူဒါန်းပေးသွား မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းပြောကြား ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

HOT NEWS
January 4,