တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး သပိတ်ကျင်းမြို့နယ်ရှိ ကုမ္ပဏီများနှင့်တွေ့ဆုံ

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး သပိတ်ကျင်းမြို့နယ်ရှိ ကုမ္ပဏီများနှင့်တွေ့ဆုံ


Ministry of Information/ မန္တလေးတိုင်းဒေသကြီး / July 09, 2020
image_latest


သပိတ်ကျင်း ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်သည် သပိတ်ကျင်းမြို့ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် သပိတ်ကျင်းမြို့နယ်အတွင်း အသေးစားမှ အလတ်စား ရွှေလုပ်ကွက် ခွင့်ပြုမိန့်ရ ကုမ္ပဏီများနှင့် ယနေ့နံနက် (၉:၃၀)နာရီ ကတွေ့ဆုံပြီး ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ထည့်ဝင်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးမျိုးသစ်ကကုမ္ပဏီများ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်တို့မှ ရွှေလုပ်ကွက် ကုမ္ပဏီ များနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေမှ သတ္တုတွင်း ဝန်ကြီး ဌာန၏ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခဲ့ပြီး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်မှ သတ္တုတွင်းဥပဒေများအား ရှင်းလင်းဆွေနွေးခဲ့ရာ တက်ရောက်လာကြသည့် ကုမ္ပဏီတာဝန်ရှိသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဝန်ကြီးမှ ခွင့်ပြုမိန့်ရ ရွှေလုပ်ကွက် ကုမ္ပဏီများအနေဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ စည်းကမ်း ချက်များနှင့်အညီ ကတိကဝတ် ပြုထားသည့်အတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများထည့်ဝင်ကြရန် ဆွေးနွေး မှာကြားခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်၊ မြို့နယ် စီ/ခန့် ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)

HOT NEWS
January 4,