နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ်ဟု ရေးသား ဖော်ပြ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ်ဟု ရေးသား ဖော်ပြ


Ministry of Information/ ​နေပြည်တော် / July 09, 2020
image_latest


နေပြည်တော် ဇူလိုင် ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေး ဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်း လဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ် ဟု   ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင်  ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “New Normal” ဆိုတဲ့အသုံးအနှုန်းက စဉ်းစားစရာ ဖြစ်ပါကြောင်း၊  ‘နေထိုင်မှုပုံစံအသစ်’လို့အဓိပ္ပါယ်ဖေါ်ရမလား၊  Covid ကြောင့် ကမ္ဘာကြီးက ပြန်မ ပြောင်းနိုင်တော့တဲ့အနေအထား ရောက်သွားလို့ ပုံစံအသစ်နဲ့ အားလုံးနေသွားကြရမဲ့သဘောလား၊ ဒီအချိန်မှာတော့ ဆုံးဖြတ်ဖို့ စောသေးပါကြောင်း။

မိမိတို့ကမ္ဘာလူသားတွေဟာ သမိုင်းတစ်လျှောက် ကပ်ရောဂါကြီးများနဲ့ ရင်ဆိုင်ခဲ့ရပါကြောင်း၊  (၁၄) ရာစုနှစ်အတွင်း ရိုက်ခတ်သွားတဲ့ ပလိပ်ရောဂါကပ်ကြီးကြောင့် လူတွေသန်းရာနဲ့ချီတဲ့ အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါကြောင်း၊  အကျိုးဆက်အနေနဲ့ လူ့အသိုင်းအဝိုင်းအချို့ မှာ လူမှုရေး၊ စီးပွါးရေးပုံစံတွေ ပြောင်းလဲသွားခဲ့ပေမဲ့ လူသားတွေနေထိုင်မှုပုံစံတွေ ပြောင်းသွားတယ်လို့တော့ မဆိုနိုင်ပါကြောင်း။

သတ္တန္တရကပ်ကြီးတွေဖြစ်တဲ့ ပထမ၊ ဒုတိယ ကမ္ဘာစစ်ကြီးများရဲ့အကျိုးဆက်လို့ဆိုရမဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်အချို့ဟာဆိုရင် ယခုအဟောင်းတွေလိုတောင် ဖြစ်နေပြီဖြစ်ပါကြောင်း။

စက်မှုတော်လှန်ရေး၊ ဆက်သွယ်ရေးနည်းပညာ တော်လှန်ရေးတွေကြောင့်လည်း မိမိတို့တွေရဲ့ နိစ္စဓူဝဘဝတွေ ပြောင်းလဲရပါကြောင်း၊  အခုလို မိမိ Facebook မှတစ်ဆင့် ဆက်သွယ်နေနိုင်တာ ကလည်း ဒီအပြောင်းအလဲကြောင့်ပဲ ဖြစ်ပါကြောင်း။

လူသားတွေဟာ အခြေအနေလိုအပ်ချက်နဲ့ညီအောင် နေနိုင်စွမ်းကိုမှီပြီး ရှင်သန်ကြရပါကြောင်း၊  Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲ အချို့တော့ လိုပါလိမ့်မယ် ဟု ရေးသားထားသည်။

HOT NEWS
January 4,