နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူ ဝမ်းမြောက်စကားပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူ ဝမ်းမြောက်စကားပြောကြား


Ministry of Information/ Naypyitaw / November 21, 2020
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာဘောရစ်ဂျွန်ဆင်နှင့် ယမန်နေ့ ညနေပိုင်းတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။

ထို့သို့ဆွေးနွေးရာတွင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံ၌ မကြာမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ပြောကြား ခဲ့ပြီး၊ နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံမှုမြှင့်တင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေး၊ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် အရေးကိစ္စ အပါအဝင် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့အပြင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဗီဒီယိုကွန့်ဖရင့် သို့လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံ (COP 26) သို့လည်းကောင်း ပါဝင်တက်ရောက်ရေးအတွက် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

#Myanmar State Counsellor Office

 

HOT NEWS
January 4,