ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီခရိုင်ပြည်သူ့ဆေးရုံအတွင်းရှိ ဓာတ်ခွဲ/ ဓာတ်မှန် ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုနှင့် အင်းရွာ-သခင်ဗျောလမ်း ကွန်ကရက်ခင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီခရိုင်ပြည်သူ့ဆေးရုံအတွင်းရှိ ဓာတ်ခွဲ/ ဓာတ်မှန် ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုနှင့် အင်းရွာ-သခင်ဗျောလမ်း ကွန်ကရက်ခင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / November 28, 2020
image_latest


သာယာဝတီ     နိုဝင်ဘာ   ၂၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် သာယာဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ယနေ့၁၀ နာရီခွဲက ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံရှိ ဆေးရုံအုပ်ကြီး ရုံးခန်းတွင်  ဝန်ကြီးချုပ်  ဦးဝင်းသိန်းအား ဒေါက်တာ သူရ က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် လူနာများအား ကုသပေး မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အခြားရောဂါ များဖြင့် တက်ရောက် လျက်ရှိသော လူနာများအား စနစ်တကျကုသပေးသည့် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံ ဝန်းအတွင်း၌ ဆောက်လုပ်ထားရှိသည့် ဓာတ်ခွဲ/ဓာတ်မှန်အဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ဆေးရုံရှိ အဆောက်အဦ အဟောင်းများအား အကြီးစားပြင်ဆင် ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြနိုင်ကြောင်း ပြောကြား ခဲ့ပြီး အလှူငွေ ၃၃၀၀၀၀ ကျပ်နှင့်ဆေးရုံသုံးပစ္စည်းများအား ဝန်ကြီးချုပ် က ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေါက်တာ သူရ မှ လက်ခံရယူခဲ့​သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ် နှင့်အဖွဲ့ သည် သာယာဝတီ မြို့နယ်၊ ကျွဲသတ်ကျေးရွာအုပ်စု၊ အင်းရွာကျေးရွာနှင့် သခင်ဗျော ကျေးရွာ ချင်းဆက် အရှည် ၂ မိုင် ၂ ဖာလုံရှိ လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

သန့်ဇော် (သာယာဝတီ)

HOT NEWS
January 4,