ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 14, 2022
image_latest


နေပြည်တော်   မတ်  ၁၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောနှင့် အမျိုးသားဥယျာဉ်များ အချိန်မီ ဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကမ်းရိုးတန်းဒေသများတွင် ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းကို အထူးအလေးပေး ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ နမ့်ခုံး ကနုကမာ အချောထည်လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မတ် ၁၃ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း စခန်းရှိ ပုလဲရတနာခန်းမသို့ရောက်ရှိရာ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲကျွန်း၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ကောင်းမွန်သော ရွှေရောင်၊ ငွေရောင်ပုလဲများ စဉ်ဆက်မပြတ် ရေရှည်ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် မုတ်ကောင်များ ရရှိရေးအတွက် လုပ်ငန်းအဆင့်ဆင့်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး သုတေသန ရလဒ်များအပေါ် အခြေခံ၍ လက်ရှိဆောင်ရွက်နေသော ပုလဲထုတ်လုပ်ခြင်း လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မြန်မာ့ပုလဲသည် ကမ္ဘာ့အရည်အသွေး အကောင်းဆုံးထဲတွင် ပါဝင်သဖြင့် နိုင်ငံတကာဈေးကွက်တွင် ယခုထက်ပိုမို ထိုးဖောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပုလဲကျွန်းစခန်းရှိ ပုလဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာတွင် ကျေးရွာသူ/ ကျေးရွာ သားများနှင့် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ပဲနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးအပ်ကာ ဒေသခံများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ ဂျလန်းကျွန်း ပုလဲစခန်းနှင့် ငလုံးလဖယ်ကျွန်း ပုလဲစခန်းသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံ သွင်းခြင်းနှင့် ပုလဲဖော်ယူခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ရွှေကျွန်းပုလဲစခန်းနှင့် စိန့်လုခ်ကျွန်း ပုလဲစခန်းများ၏ မွေးမြူရေး ရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင် မွေးမြူထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

HOT NEWS
January 4,