ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးဆိုင်ရာ လယ်သမား သင်တန်းကျောင်း တည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှု

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးဆိုင်ရာ လယ်သမား သင်တန်းကျောင်း တည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှု


Ministry of Information/ ​ ပြည် / January 25, 2020
image_latest


ပြည် ဇန်နဝါရီ ၂၅

ယနေ့ နံနက်(၈)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဇီးအုပ်စခန်း၌ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါသင်တန်းကျောင်းတွင် "တစ်လလျှင်(၂)ကြိမ်ဖြင့် တောင်သူ(၅၆)ဦးခန့် သင်ကြားပို့ချနိုင်မည် ဖြစ်ပြီး တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ၊ နည်းပညာများ၊ သိပ္ပံနည်းဖြင့် စိုက်ပျိုးရေး(GAP)များ၊ ဟင်းသီးဟင်းရွက်များနှင့် ပတ်သက်သော Organic အကြောင်းအရာစသည်တို့က သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း" မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသင်တန်းကျောင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် (၂၂၂)သန်းဖြင့် ခေတ်သစ် ကုမ္ပဏီမှ တာဝန်ယူကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ဆောက်လုပ်ခြင်းဖြစ်ပြီး အဆောက်အဦတွင် စာသင်ဆောင်၊ ထမင်းစား ဆောင်၊ အိပ်ဆောင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)

 

HOT NEWS
January 4,